(Unicode)
Friendship To Relationship
Part -7
လ,တို့ နောက်အပါတ် ကျောင်းပြန်ဖွင့်တော့မှာမို့ သဘက်ခါကျ ပြန်ရတော့မည်ဖြစ်သည်။ ဒီနှစ်တော့ ဖေဖေတို့ကို လိုက်မပို့ခိုင်းတော့ပဲ လ,တစ်ယောက်တည်း Express နဲ့ ပြန်မှာဖြစ်ပီး ခွင်းက လားရှိုးဝင်ဦးမှာမို့ မနက်ဖြန် ပြန်တော့မည်။ လ, ပစ္စည်းတွေ သိမ်းနေတုန်း အမောင့်ဆီမှ ဖုန်းလာတာကြောင့် ကိုင်လိုက်ရသည်။
"ပြော အမောင်၊ လင်ရသွားတော့ ငါ့ကို ခုမှ ဖုန်းဆက်ဖော်ရတယ်"
(ငါ့ကို လာပြောမနေနဲ့ နင့်အချစ်ဦးနဲ့ သာယာနေတယ်မလား )
"ဖြစ်ရတယ်၊ ဘာကိစ္စ ဆက်လဲ ပြောကြည့်"
(ငါမှာတဲ့ ခေါပုတ်ခြောက် မေ့မှာဆိုးလို့ )
"ငါသိပါတယ် အမောင်ရယ် နင်လဲ အဲ့တာပဲပြောနေ၊ မင်းသူကလဲ အဲ့တာပဲ ပြောနဲ့"
(နင်ဘယ်နေ့ ပြန်လာမှာလဲ လွန်း)
"ငါ့ရဲ့အမောင်က ငါ့ကို လွမ်းနေပီထင်ပါ့၊ သဘက်ခါ အမောင့်ဆီအရောက် ပြန်လာပါတော့မယ်"
(ငါ့ချစ်သူ ငါ့နားရှိတာ နင့်လွမ်းစရာလား)
"ဟင်၊ ခွင်း ဘာလုပ်တာလဲ"
လ, ဖုန်းပြောနေတုန်း နောက်ကနေ ဖုန်းကို ဆွဲယူခံလိုက်ရတာကြောင့် ကြည့်လိုက်တော့ ခွင်းဖြစ်နေသည်။ ခွင်းက မနက်က ဖေဖေနဲ့ အလုပ်လိုက်သွားတာမို့ လ, ဖုန်းအေးဆေးပြောနေတာ ဖြစ်သည်။ ခွင်းသာရှိရင် သူ့ရှေ့ ဖုန်းမကိုင်ပေ။ မဟုတ်ရင် လိုက်လုကာ Facebook အတင်းယူကြည့်တော့မည်။ သိသွားလည်း ဘာမှမဖြစ်ပေမယ့် ကောင်မလေးတွေက tagတွဲတွဲပီး တင်နေကြတာကို မမြင်ချင်တာမို့ မaddတာဖြစ်သည်။ခု လ,ဖုန်းကို ဆွဲယူကာ ဖုန်းချလိုက်တာမို့ စိတ်တိုသွားရ၏။
"ဖုန်းချလိုက်တာလေ မတွေ့ဘူးလား"
ခွင်း ဖေမောင်နဲ့ အလုပ်လိုက်သွားရာမှ ပြန်ရောက်တာနဲ့ လ,ကို မနက်တည်းက မတွေ့ရသေးတာမို့ လ,အခန်းကို တန်းဝင်လာလိုက်တာဖြစ်သည်။အခန်းထဲရောက်တော့ ပြတင်းပေါက်မှာ ဖုန်းပြောနေပီး မောင်လို့ ခေါ်သံကြားရတာကြောင့် ခွင်းရဲ့သွေးတွေဆူပွက်လာကာ ဝန်တိုစိတ်တွေ တိုးပီး ဖုန်းကို ဆွဲယူချပစ်လိုက်သည်။
YOU ARE READING
Friendship To Relationship (Completed)
Romanceမွေးတည်းက တူတူကြီးလာတဲ့ သူတို့နှစ်ယောက်။ အရွယ်ရောက်လာတော့ အချစ်တွေ ပုံစံပြောင်းသွားတဲ့ အခါ