Part -8

7.7K 167 2
                                    

(Unicode)

Friendship To Relationship

Part -8

" ငါ့ ပို့စ်တွေမှာ တခြားယောက်ျားလေးတွေ မရိုးမသား မန့်တာမြင်တော့ နင်ဘယ်လို နေလဲ ခွင်း"

ခွင်းကို သေချာပြောပြဖို့ လ, ဆုံးဖြတ်ကာ ပြောလိုက်သည်။

"ကိုယ် အရမ်း သဝန်တိုတယ်,လ စိတ်လည်း ရှုပ်ရတယ်"

"အင်း ဒါတောင် အဲ့တာတွေက ငါ့ဘက်က ပါဝင်မှု တစ်ရာခိုင်နှုန်းတောင်မရှိဘူးနော် ၊ နင့်ကိုသာ ချစ်မိပီး ချစ်သူတွေဖြစ်သွားရင် ခု  နင့်ကို tag တွဲပီး တင်ချင်ရာ တင်နေကြတဲ့ ပို့စ်တွေကို ငါမြင်ရင် ဘယ်လိုဖြစ်လောက်လဲ ခွင်း၊ အဲ့တာမျိုးတွေ မခံစားနိုင်ဘူး"

"ကိုယ်က စိတ်လည်းမဝင်စားလို့ အထူးတလည် ဘာမှ မပြောနေတာပါ၊ အဲ့ပို့စ်တွေ ကိုယ် react လည်းမပေးဘူး မန့်လည်း မမန့်တာ လ, မြင်ပါတယ်၊ လ, ပြောတာကိုလည်း ကိုယ် သဘောပေါက်တာမို့ ခု ကိုယ် အကုန်ရှင်းလိုက်မယ်နော်၊ နောက်လည်း အဲ့တာမျိုးတွေ ထပ်မရှိစေရဘူး ၊ လူငယ် သဘာဝ သွားလာခဲ့မိတာမို့ ခွင့်လွှတ်ပေးပါ လ,ရယ်"

"အင်း နင်နဲ့ငါ ရွယ်တူလေ၊ ငါလည်းအဲ့လိုတွေ သွားရင် ရမလား"

"အဲ့လိုမပြောပါနဲ့ လ,ရယ် အပြောနဲ့တင် ကိုယ်မခံစားနိုင်လို့ပါ၊ ကိုယ် နားလည်ပီမို့ နောက်မဖြစ်စေရပါဘူး"

လ, ကို သူ့သူငယ်ချင်းဆိုတဲ့ ဟိုနှစ်ကောင်နဲ့တောင် သဝန်တိုနေရတာ ခွင်းလိုသာ တခြားသူတွေနဲ့ သွားလာမယ်လို့ တွေးမိရုံနဲ့တင် စိတ်က အဆင်မပြေတော့ပေ။

"နင့်စိတ်ထဲ တွေးရင်လည်း တွေးနေမယ် အဖြေကျ မပေးပဲ နင့်ကိစ္စတွေကို ဝင်ပါတယ်လို့၊ နင်က ငါ့ချစ်သူ မဟုတ်လည်း ငါ့သူငယ်ချင်းပါ ခွင်း နင့်ကို ငါ ပေါ့ပျက်ပျက် ယောက်ျားတစ်ယောက် မဖြစ်စေချင်ဘူး၊ ယောက်ျားလေးမှာလည်း သူ့တန်ဖိုးနဲ့ သူပဲ ခွင်း"

"ကိုယ်နားလည်တယ်နော်၊ ကိုယ်သိတာပေါ့ လ,ရဲ့စိတ်ကို။ ကိုယ်ကတိပေးတယ် ဒါမျိုးတွေ ထပ်မ‌ဖြစ်စေရဘူး၊ ကိုယ့်ကို ယုံနော်"

"အင်း"

လ, သူ့အပေါ် သံယောဇဉ်ကြီးပီး စေတနာထားတာ ခွင်းသိပါသည်။ လ,လည်းပဲ ခွင်းကို ချစ်နေတာ သိသည်။လ, နှုတ်က ဝန်မခံသ၍ တစ်ထစ်ချတော့ မယုံနိုင်သေးပေ။ လ, ခွင်းအပေါ် ယုံကြည်ပီး အချစ်တွေ ဖွင့်ဟလာအောင် ကြိုးစားရုံသာ ရှိတော့၏။

Friendship To Relationship (Completed)Where stories live. Discover now