(Unicode)
Friendship To Relationship
Part -5
လ, ရဲ့ ပထမနှစ်ကျောင်းပိတ်ရက်တွေက အခုစာမေးပွဲဖြေပီးရင် ရောက်တော့မည်ဖြစ်သည်။ ခွင်းအကောင့်ကို သိရပေမယ့် လ, သွားမအပ်ခဲ့ပါ။ မဆုံနိုင်တော့မယ့် တူတူ ခပ်ဝေးဝေးကပဲနေတော့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။ လ, ဒီလတွေအတွင်း အမောင့်ရဲ့ အဆွယ်ကောင်းမှုကြောင့် Gymဆော့ဖြစ်နေပီး မင်းသူပါလိုက်ဆော့ဖြစ်သည်။ လ ရဲ့ အဝတ်အစားဝတ်ပုံကိုပါ ပြောင်းခိုင်းတာကြောင့် လ လည်းပြောင်းလဲပစ်လိုက်သည်။
လ အရပ်က ၅ပေ၆ရှိပီး မိန်းကလေးတွေထဲ အရပ်အတော်ရှည်သည် ပြောလို့ရ၏။ အရပ်ရှည်ပေမယ့် ခန္ဓာကိုယ်အချိုးအစား သူ့နေရာနဲ့သူ ရှိတာကြောင့် ပိန်ပိန်ရှည်ရှည်ကြီး ဖြစ်မနေပေ။ လ အခုဆို အိမ်မှာနေရင် JJဘောင်းဘီ တီရှပ်နဲ့ မနေတော့ပဲ တီရှပ်အပွတွေဆို ဘောင်းဘီတိုလေးနဲ့ တွဲဝတ်ကာ ဘောင်းဘီရှည်ဝတ်ရင် အင်္ကျီ ကိုယ်ကြပ်ခါးတိုလေးေတွနဲ့ တွဲဝတ်ဖြစ်လာသည်။ ဆံပင်တွေကို ခရမ်းရင့်ရောင်ဆိုးကာ အောက်ဖျားလိပ်ထားလိုက်သည်။
မင်းသူနဲ့အမောင်က လ ကိုမြှောက်ပေးနေကြတာပင်။ အဲ့နှစ်ယောက် ခုနောက်ပိုင်း သိပ်မရိုးတာလည်း လ သတိထားမိသည်။
"လွန်း ငါပြောစရာရှိလို့"
စာမေးပွဲနောက်ဆုံးဘာသာဖြေပီး ထွက်လာတော့ မင်းသူက ပြောလာတာဖြစ်သည်။
"ဘာပြောမလို့လဲဟာ အရေးမကြီးရင် ညနေမှပြော ညနေကျလည်း ငါတို့ တွေ့မှာပဲကို"
"မရလို့ပေါ့ ၊ခဏလေးပါ နင်ကလဲ"
"ကဲပြော မြန်မြန်တော့ပြောနော် ငါအိပ်ချင်နေပီ ပြန်အိပ်မလို့"
"ငါ ညကျ အမောင့်ကို ဖွင့်ပြောမလို့"
"ဟမ်"
လ, အိပ်ချင်နေတဲ့ မျက်လုံးပါ ပြန်လည် ပြူးသွားရတော့သည်။ အမောင်က ဂေးလို့ လ ကိုဝင်ခံဖူးပေမယ့် မင်းသူကိုတော့ မထင်ခဲ့ပါ။
"နင်ငါ့ကို အထင်သေးသွားလား လွန်း"
"ဘာဆိုင်လို့လဲ"
YOU ARE READING
Friendship To Relationship (Completed)
Romanceမွေးတည်းက တူတူကြီးလာတဲ့ သူတို့နှစ်ယောက်။ အရွယ်ရောက်လာတော့ အချစ်တွေ ပုံစံပြောင်းသွားတဲ့ အခါ