Part -11

7.6K 179 6
                                    

(Unicode)

Friendship To Relationship

Part -11

လ, တို့ကျောင်းဖွင့်ပီဖြစ်၍ မင်းသူနှင့်  လ, ကျောင်းအတူ လာဖြစ်ကြသည်။ အတန်းထဲမှာလည်း အတူတူပဲ ထိုင်ဖြစ်သည်။လ,တို့ မေဂျာက  လူနည်းစုမေဂျာဖြစ်တာမို့ အဆင်ပြေသလိုသာ ထိုင်ကြသည်။ လ, က ပေါင်းသင်းဆက်ဆံရေး ညံ့သူမို့ တခြားသူတွေနဲ့ သိပ်ရောရောနှောနှော မနေတတ်တာဖြစ်သည်။ တခြားသူတွေနဲ့လည်း ခင်ပေမယ့် မင်းသူနှင့် အမောင်ကျ လ, နဲ့ ရေစက်ပါပုံ ရကာ သူတို့ကို စတွေ့တည်းက စိတ်ထဲ ရင်းနှီးနေတာဖြစ်ပီး သူတို့က တကယ်လည်း ခင်ဖို့ကောင်းလှသည်။

"ဟဲ့ ငါတို့တွေ ဌာနမှာ အခု ကျောင်းသားသစ်တစ်ယောက်တွေ့ခဲ့တာ ဘယ် yearကလည်းတော့မသိဘူး အရပ်ရှည်ကြီးနဲ့ တော်တော်ချောတာဟယ်၊ ငါတို့နှစ်ဖြစ်ရင်ကောင်းမယ်"

အရှေ့တန်းက ကောင်မလေးတချို့ စကားသံတွေကြားတော့ မင်းသူက လ,ကိုမေးလာတော့သည်။

"လွန်း သူတို့ ဘယ်သူ့ကိုပြော‌တာလဲ နင်သိလား"

"မင်းသူ နင့်ဦးနှောက်ကိုလေ အမောင့်အတွက်ပဲ မထားနဲ့ နည်းနည်းလေးစဉ်းစား၊ နင်နဲ့ ငါ ကျောင်းကိုတူတူလာပီး ကန်တင်းတူတူထိုင် အခန်းထဲ တူတူလာတာလေ၊ ငါကသိမလား"

"လွန်း နင်ကလေ စကားတော်တော်ရှည်တယ် မသိဘူးဆိုရပီပေါ့"

"နင့်ဦးနှောက်ကို ဉာဏ်ရည်မှီအောင် ငါက သေချာရှင်းပြတာ"

"ထားပါတော့ မမရယ်၊ ကျွန်တော်မျိုးပဲ မှားတာပါ"

လ, မင်းသူနဲ့ပြောပီးတာနှင့် ဖုန်းကို ထုတ်ကြည့်လိုက်မိသည်။ တစ်မနက်လုံး ခွင်းက ဖုန်းမခေါ်ပေ။ အရင်ဆို နိုးတာနဲ့ မက်ဆေ့ပို့ပီး လ, မက်ဆေ့ပြန်ပို့တာနှင့် ဖုန်းတန်းခေါ်တတ်တာဖြစ်သည်။ အခု လ, ဖုန်းခေါ်တာတောင် မကိုင်တာမို့ စိတ်က မကြည်တော့ပါ၊ ကျောင်းစဖွင့်ရက်မို့ အလုပ်ရှုပ်တယ်ဆိုဆို ဖုန်းတော့ ခဏလောက် ပြောလို့ရပါသည်။

*ခွင်း ကျောင်းပြန်ဖွင့်တာနဲ့ နင်က အချိုးပြောင်းပီလား*

လ, မှာ ကိုယ့်အတွေးနဲ့ကိုယ် မွန်းကြပ်လာရတော့ကာ ဆရာမ ဝင်လာတာလည်း သတိမထားမိပေ။

Friendship To Relationship (Completed)Where stories live. Discover now