(Unicode)
Friendship To Relationship
Part -14
ခွင်းနိုးလာတော့ အနားမှာ လ, ကိုမတွေ့ရတော့ပေ။ စောနိုးပီး ထသွားကာ အိမ်ရှေ့ခန်းမှာအထင်ဖြင့် ခွင်းလည်း ရေချိုးဖို့ ထလိုက်သည်။ စောင်ကိုဖယ်လိုက်တော့ အိပ်ယာခင်းအပေါ်က သွေးကွက်ကြောင့် ခွင်း စိတ်လိုလက်ရ ပြုံးမိသွားတော့၏။ ရေအမြန်ချိုးကာ အိပ်ယာခင်းကို လ,မြင်ရင် ရှက်နေမှာစိုးတာကြောင့် အိပ်ယာခင်းလဲလိုက်ရသည်။ အိပ်ခန်းအပြင်ထွက်လာတော့ ဧည့်ခန်းမှာ လ, ကိုမတွေ့တာကြောင့် ထမင်းစားခန်းဘက်ကြည့်တော့လဲမတွေ့ပေ။ ကွန်ဒိုတစ်ခန်းလုံးပတ်ရှာပေမယ့် မတွေ့တာကြောင့် ဖုန်းခေါ်လိုက်တော့လည်း မကိုင်ပါ။
မူးနေတဲ့အချိန် အတူနေလိုက်မိတော့ အခွင့်ကောင်းယူတယ်ဆိုကာ စိတ်များဆိုးသွားလားလို့ စိုးရိမ်သွားရပီး လ, ရဲ့ ကွန်ဒိုကို အမြန်လိုက်လာခဲ့ရသည်။ လ, ရဲ့ ကွန်ဒိုရောက်တော့ မနေ့က လ, ပြောဖူးတဲ့အခန်းကို တက်လာခဲ့လိုက်သည်။ အခန်းရှေ့ရောက်တော့ ဖုန်းခေါ်တာတောင် မကိုင်သဖြင့် တံခါးလာမဖွင့်ပေးမှာ စိုးတာကြောင့် password ကို ခွင်းတို့နှစ်ယောက်ရဲ့ မွေးနေ့ရိုက်ပီး တံခါးဖွင့်ဝင်လာခဲ့လိုက်သည်။
လ,ရဲ့ ကွန်ဒိုခန်းထဲ ဝင်လိုက်တာနဲ့ ဧည့်ခန်းမှာ ထိုင်နေတဲ့ ချစ်သောမောင်က အလန့်တကြားမော့ကြည့်လာသည်။ချစ်သောမောင်က စောစောစီးစီး လ, အခန်းကိုရောက်နေတာကြောင့် ခွင်းလည်းအံဩသွားရကာ
"မင်းက ဘယ်လိုလို့ ဒီရောက်နေတာလဲ"
"မင်းဟာလေး ညက သောက်ပီး ဖျားနေပီလေ မိုးမလင်းသေးဘူး ဖုန်းဆက်ခေါ်လို့ လာနေပေးရတာ"
ချစ်သောမောင်က ခွင်းမသိဘူးအထင်နဲ့ ပြောလာသဖြင့် လ, နေမကောင်းဘူးဆို၍ စိတ်ပူသွားရတော့သည်။
" အခု လ,ရော"
"သူ့အခန်းထဲ အိပ်နေတယ်"
"အင်း ငါသွားလိုက်ဦးမယ်"
ချစ်သောမောင်ကို ပြောပီး လ, အိပ်ခန်းထဲ ဝင်ခါနီးမှ မနက်စာကျွေးဖို့သတိရကာ ချစ်သောမောင်ကို လှမ်းမေးရသည်။
YOU ARE READING
Friendship To Relationship (Completed)
Romanceမွေးတည်းက တူတူကြီးလာတဲ့ သူတို့နှစ်ယောက်။ အရွယ်ရောက်လာတော့ အချစ်တွေ ပုံစံပြောင်းသွားတဲ့ အခါ