(Unicode)
Friendship To Relationship
Part -17
👉အမှောင်ခန်း မကြိုက်သူများ Facebook မှာပဲ ဖတ်ပေးပါနော်❤️
"လ, ခဏနားပီးရင် ရေချိုး ခေါင်းလျှော်မယ်နော်"
ခွင်းက ocean က ဝယ်လာသည့် ပစ္စည်းတွေကို မီးဖိုခန်းထဲသွားထားကာ လ, အတွက် ရေတစ်ခွက်ယူလာပေးသည်။
"အင်း ခေါင်းက အကင်နံ့တွေတောင် စွဲသွားပီ"
"ခဏနေရင် ကိုယ်လျှော်ပေးမယ်နော်"
"ကိုယ့်ဟာကို လျှော်ပါမယ်၊ ရတယ်"
"ကိုယ်လျှော်ပေးချင်လို့လေ၊ နော်...နော်...နော်"
"ခွင်း နင်ကလေ ဖြစ်ချင်တာရှိရင် ကလေးလို လာချွဲနေတယ်"
"နော်လို့ လ,"
"အင်း...အင်း"
"အဟွန်း၊ ရေလေးသောက်လိုက် ပီးရင် ခဏနားပီး ကိုယ်ခေါင်းလျှော်ပေးမယ်"
"အင်း"
ခွင်းက ခေါင်းလျှော်ပေးမယ် ဆိုသဖြင့် လ,မှာ အခက်တွေ့နေရသည်။ အင်္ကျီဝတ်နဲ့ လျှော်ရင်လည်း အဆင်မပြေပေ။ အကုန်ချွတ်ချရအောင်ကလည်း သူနဲ့ကိုယ်က တစ်ခါတူတူနေဖူးပေမယ့် အဲ့လောက်ကြီး မရဲပေ။နောက်ဆုံးကျ အဝတ်စားတွေချွတ်ကာ သဘတ်တစ်ထည်ကို ရင်လျားလိုက်သည်။ ခွင်းက အဝတ်စားတွေ ချွတ်ကာ boxerနဲ့မို့ လ, မှာ အကြည့်အမြန်လွှဲလိုက်ရ၏။
"ခွင်း နင် တစ်ခုခုပတ်ထားလေ"
"ဘာလို့လဲ လ, ရဲ့ ဘယ်သူ့မှမှ မရှိပဲ၊ ကိုယ်တို့နှစ်ယောက်တည်း ရှိတာကို"
"ငါရှိလို့ပဲ ပြောနေတာလေ"
"ကိုယ်တို့ မမြင်ဘူးတာလဲ မဟုတ်ပဲ လ,ရာ"
"ခွင်းနင်နော် မပတ်ရင် ငါ့ဟာငါပဲ လျှော်တော့မယ်"
မမြင်ဖူးတာလဲ မဟုတ်ပဲ အရှက်သည်းနေတဲ့ လ,ကြောင့် ခွင်းမှာ သဘက်တစ်ထည် ခါးမှာပတ်လိုက်သည်။ အရှက်သည်းနေသူကို စချင်လာသဖြင့် သဘက်အောက်က boxerကို ချွတ်ထားခဲ့လိုက်သည်။
ခွင်းက လ, ကို ခေါင်းသေချာ လျှော်ပေးကာ သဘက်ဖြင့် ရေစင်အောင်သုတ်ပေးပီး Dryerဖြင့် အခြောက်ခံပေးသည်။ ဆံပင်တွေ ရေခြောက်သွားတော့ ခွင်းက လ,ရဲ့ ဆံပင်တွေကို ငယ်ငယ်က အတိုင်း နမ်းရှိုက်လာတော့သည်။
YOU ARE READING
Friendship To Relationship (Completed)
Romanceမွေးတည်းက တူတူကြီးလာတဲ့ သူတို့နှစ်ယောက်။ အရွယ်ရောက်လာတော့ အချစ်တွေ ပုံစံပြောင်းသွားတဲ့ အခါ