(Unicode)
Friendship To Relationship
Part -12
လ,ညနေပိုင်း တွေ့ဆုံပွဲသွားဖို့ ပြင်ဆင်နေချိန် အမောင့်ဆီမှ ဖုန်းလာတာကြောင့် အလှပြင်ရင်း ကိုင်လိုက်သည်။
"ပြော အမောင်"
"လွန်း ငါနင်နဲ့ တိုင်ပင်စရာရှိလို့"
"ပြောစေ"
"ငါ...ငါဒီနေ့ နင်တို့ မေဂျာက တွေ့ဆုံပွဲကို လိုက်ခဲ့ရင် ကောင်းမလား"
"အမောင် နေ့လည်က မင်းသူပြောတာတွေ နင်လည်း ကြားတယ်မလား၊ နောက်ပီး သူ နင့်အပေါ် ဆက်ဆံတာတွေကို ငါတို့ အပြင်လူထက် နင်က ပိုသိတယ်လေ၊ သူနင့်ကို တကယ်ချစ်လို့သာ နင့်လက်ကိုဆွဲပီး လူရှေ့ချပြရဲတာပေါ့ နင်လည်း သတ္တိရှိလိုက်အမောင်"
"ငါက ရင်ဆိုင်ရဲတဲ့ သတ္တိရှိလို့ ကိုယ်တိုင် come out လုပ်ထားတာလေ။ ရိုက်ခတ်မှုဒဏ်ကို သူမခံနိုင်မှာပဲစိုးတာ"
"ဟဲ့ ငါတို့အတန်းထဲက သူတွေက အကုန် ပညာတတ်ပီး တွေးခေါ်တတ်တဲ့သူတွေပဲ နင်အရမ်းမစိုးရိမ်နဲ့ အမောင် တစ်ခါလောက် မင်းသူလက်ကိုဆွဲပီး လူရှေ့ထွက်ပစ်လိုက်စမ်းပါ မယုံရင်ကြည့်နေ အဲ့ချိန်ကျ ဘာတွေ ဖြစ်လာလာ မင်းသူ အကုန်ဖြေရှင်းနိုင်မယ်လို့ ငါယုံတယ်"
"ငါလည်းသူ့ကို ယုံပီးသားပါ"
"အဲ့တာဆိုလည်း တွေဝေမနေနဲ့တော့ ငါလည်းရှိတယ် လိုက်သာလာခဲ့"
လ, ရဲ့စကားကြောင့် ချစ်သောမောင် မင်းချစ်သူ လက်ကိုဆွဲပီး လူတွေရှေ့ ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။
"အင်း ငါလိုက်ခဲ့မယ်"
✨✨✨
အမောင်နဲ့ ဖုန်းပြောပီးတာနဲ့ အလှပြင်ခြင်းအဆုံးသတ်ကာ အင်္ကျီ လဲလိုက်သည်။ ခါးလွတ် ကြိုးတစ်လုံးအင်္ကျီကို အောက်က ပေါင်လည်လောက် လည်သာစကပ် အကြပ်နှင့် တွဲဝတ်ထားတော့ ဗိုက်သား ဖွေးဖွေးတွေက လက် သုံးလုံးလောက်ပေါ်နေသည်။ အပေါ်ကနေ ခါးတိ လည်သာကုတ်လေး ထပ်ဝတ်လိုက်သောအခါ ကြည့်ရတာ အမြင်မရိုင်းပဲ ခေတ်မှီနေသည်။ ခရမ်းရောင် ပုခုံးကျော်လောက် ဆံပင်ကို အောက်နားတစ်ခွေ လိပ်ထားတာကြောင့် မျက်နှာ လေးက ပိုလှေန၏။ လ, က နှုတ်ခန်းနီကို အမြဲတမ်း ပန်းနုရောင်သာ ဆိုးတတ်ပီး လ, ရဲ့ နှုတ်ခမ်းပါးလေးတွေက ဆွဲဆောင်နိုင်စွမ်းရှိလျက်။
YOU ARE READING
Friendship To Relationship (Completed)
Romanceမွေးတည်းက တူတူကြီးလာတဲ့ သူတို့နှစ်ယောက်။ အရွယ်ရောက်လာတော့ အချစ်တွေ ပုံစံပြောင်းသွားတဲ့ အခါ