(Unicode)
Friendship To Relationship
Part -10
ခွင်း ကိုယ်လက်ဆေး မျက်နှာသစ်ကာ ညဝတ်ပေါ့ပေါ့ပါးပါးလဲပီးမှ ကုတင်ပေါ် သေချာနေရာယူပီး လ,ဆီ vcall ခေါ်လိုက်သည်။ ခွင်းခေါ်ပီး ခဏအကြာကိုင်လာတော့ ရေချိုးခန်းထဲ မျက်နှာ သစ်နေလေသည်။
"လ, မျက်နှာသစ်နေတာလား"
"အင်း"
"ညဝတ် လဲပီးပီလား"
"အင်း"
"ဟာ... ဒါဆို ကိုယ်ခေါ်တာ နည်းနည်းနောက်ကျသွားတယ်"
"ဟင်"
လ, က ခွင်းစကားကို နားမလည်ပဲ ဖုန်း screen မှတစ်ဆင့် ခွင်းကို ပြန်ကြည့်လာ၏။
"မဟုတ်ရင် ကိုယ် လ, အဝတ်စားလဲတာ မှီမှာလေ"
ခွင်းရှင်းပြလိုက်မှ နားလည်ကာ မျက်နှာလေး ရဲလာတော့သည်။
"ခွင်းနင်ပေါက်ကရပြောရင် ငါဖုန်းချလိုက်မှာနော်"
"ဖုန်းတော့ မချပါနဲ့ကွာ၊ ကိုယ့်မှာ လ, ကိုလွမ်းနေရတာပါ"
"ခွင်း နင်အပိုတွေသိပ်ပြောတာပဲနော်"
"ဘယ်မှာပိုလို့လဲ"
"ငါတို့ နင်ထမင်းစားမဆင်းခင်ထိ စကားပြောနေတာလေ"
"ဘယ်လိုပြောပြောလေ အနားမှာ မဟုတ်တော့ လွမ်းရတာပေါ့ကွာ၊ လ,ရော မလွမ်းဘူးလား"
"အင်း"
လ, လည်း ခွင်းသွားတာ တစ်ရက်မပြည့်သေးပေမယ့် လွမ်းနေပီမို့ အမှန်တိုင်းသာ ဝန်ခံလိုက်တော့သည်။
"ဘယ်ဟာကို အင်းတာလဲ၊ လွမ်းတာလား၊ မလွမ်းတာလား"
"လွမ်းတာ"
"အဟွန်း"
ခွင်း မျက်နှာသစ်ထားလို့ ကြည်လင်နေနဲ့ လ,မျက်နှာလေးကို ငေးစိုက်ကြည့်ရင်း ပန်းနုရောင် နှုတ်ခမ်းသားလေးတွေအရောက် အာခေါင်တွေတောင်ခြောက်လာရသည်။
"လ"
"ဟင်"
ခွင်းက လ,ကို စိုက်ကြည့်နေတာမို့ screen ပေါ်မှာပေမယ့် လ,ရဲ့ ရင်ခုန်သံတွေ မြန်နေတော့သည်။
YOU ARE READING
Friendship To Relationship (Completed)
Romanceမွေးတည်းက တူတူကြီးလာတဲ့ သူတို့နှစ်ယောက်။ အရွယ်ရောက်လာတော့ အချစ်တွေ ပုံစံပြောင်းသွားတဲ့ အခါ