(Unicode)
Friendship To Relationship
Part -9
မူဆယ်မှ လားရှိုးကို ၄နာရီလောက်သာ ကားမောင်းရသည်။ ကိုယ့်ကားနဲ့ကိုယ်ပဲမို့ ကားမောင်း ပေးတဲ့အကိုကို ခွင်းက အေးဆေးသာ မောင်းခိုင်းလိုက်သည်။ လမ်းမှာ ကွတ်ခိုင်ကျ ခဏနားရင်း ကော်ဖီသောက်တုန်း လ,ဆီဖုန်းခေါ်လိုက်တော့ ချက်ချင်းကိုင်ရှာသည်။ လ,က ခွင်းဆီမှဖုန်းကို မျှော် နေမှန်း သိလိုက်ရတော့ ခွင်း ရင်ထဲမကောင်းပေ။
"ဟဲလို ခွင်း"
အသံလေးက ခပ်အက်အက်ဖြင့် ငိုထားမှန်းသိသာသည်။
"အင်း လ, ကိုယ်အခု ကွတ်ခိုင်ရောက်ပီ ခဏ နားနေတာ"
"ဂရုစိုက်နော်"
စိုးရိမ်နေမှန်းသိတော့ မျက်နှာလေးကို မြင်ချင်လာမိ၏။
"လ, ကိုယ်အခု vcall ခဏ ခေါ်လိုက်လို့ရမလား ဟင်"
"ဘာလို့လဲ"
"လ, မျက်နှာလေး မြင်ချင်လို့ပါ နော်"
"အင်း"
လ, ကလက်ခံလိုက်တာမို့ ခွင်း လိုင်းဖွင့်ကာ vcallခေါ်လိုက်သည်။ ဖုန်း screen ထက် ပေါ်လာသော မျက်နှာလေးက ကြည်လင်နေကာ မျက်တောင်ဖျားလေးတွေ ကော့ညွတ်နေပီး နှာသီးဖျားလေးတွေက ရဲနေသေးတာကြောင့် ငိုနေသေးမှန်း သိလိုက်ရသည်။
"ငိုနေသေးတာလား လ,ရယ် မနက်လည်း ကားစီးရမှာကို ခေါင်းတွေ ကိုက်ကုန်ပါ့မယ်ကွာ"
"နင်ပြန်သွားလို့ ငါငိုတာပေါ့ အရူးကောင်ရဲ့ အသည်းနှလုံး မရှိတဲ့ကောင်"
"အဟွန်း အသဲယားအောင် ပြောနေပြန်ပါပီကွာ၊ ကိုယ်လည်း လွမ်းတာပေါ့ လ,ရယ် ကိုယ်ကတိပေးခဲ့လေ အခုခဏခွဲပီးရင် တစ်သက်လုံး မခွဲတော့ဘူးလို့"
"အင်း"
"အဲ့တာဆို မငိုနဲ့တော့နော်၊ လ, ငိုရင် ကိုယ့်နှလုံးသားလေး နာလို့"
"အပိုတွေ"
နှုတ်ခမ်းလေးစူကာ ရန်ပြန်တွေ့ရင်း ပြုံးလာတာမို့ စိတ်အေးသွားရသည်။
"မပိုပါဘူးကွာ ကိုယ်ကအမြဲလိုလို ဖုန်းခေါ်ပီး vc လည်း ခေါ်နေမှ စိတ်မညစ်နဲ့နော်"
YOU ARE READING
Friendship To Relationship (Completed)
Romanceမွေးတည်းက တူတူကြီးလာတဲ့ သူတို့နှစ်ယောက်။ အရွယ်ရောက်လာတော့ အချစ်တွေ ပုံစံပြောင်းသွားတဲ့ အခါ