Part -1

13.7K 189 2
                                    

(Unicode)

Friendship To Relationship

Part -1

"ခွင်း ငါနိုင်တာကို နင်အကျင့်မပုတ်နဲ့နော်"

"နင်က ငါမစားနိုင်တာကို ရွေးပြိုင်တာလေ၊ မရဘူး ဒီအရောင်ငါယူမှာ"

ဒီနေ့ ဖြစ်သည့်ပြဿနာက မေမေက လ တို့ နှစ်ယောက် ကျောင်းဖွင့်တော့မှာမို့ လွယ်အိတ်ဝယ်ပေးရာ အရောင်ဆင်တူ မရသဖြင့် နှစ်ယောက်သား အပြာရောင်အိတ်ကို လုကြရင်း ပြဿနာတက်ကြတာဖြစ်သည်။နောက်ဆုံးကျ ထုံးစံအတိုင်း ပြိုင်ဖို့လုပ်ကာ spicy ခေါက်ဆွဲကို ၁၀မိနစ်အတွင်း ရေမသောက်ပဲ ကုန်အောင်စားနိုင်သူက အနိုင်သတ်မှတ်ကာ ပြိုင်ကြခြင်းဖြစ်သည်။ လ နိုင်တော့ ခွင်းက အိတ်အပြာကို မပေးပဲ ယူထားပီး ပတ်ပြေး နေတာမို့ ရန်ဖြစ်ကြခြင်းဖြစ်သည်။

"နင်သဘောတူလို့ ပြိုင်ပီး ခုမှ နင်မညစ်နဲ့ဟာ၊ဟင့်၊ဟင့်"

သူကျေနပ်လို့ပြိုင်ပီးမှ အခု လ နိုင်တော့ လ ကြိုက်တဲ့အရောင်ကို မပေးပဲ သူကယူထားသည်။

"လ နင်မိန်းကလေးဖြစ်ပီး ဘာကိစ္စနဲ့ အော်ငိုနေရတာလဲ"

"နင့်ကြောင့်လေ၊ နင်ကငါ့ကိုဆို အမြဲ အန်ိုင်ကျင့်တယ်"

"ကဲဒီနှစ်ယောက် လုကြပြန်ပီလား"

ဒေါ်ယမင်းလွင် ဟင်းချက်နေရာမှ သမီးဖြစ်သူငိုသံကြောင့် ထုံးစံအတိုင်းပြဿနာတက်နေပီမှန်းသိလိုက်သည်။

"မေလွင် သားလွယ်အိတ်အပြာရောင်ယူမယ်နော်"

"ဟဲ့ ခွင်း နင်အကျင့်မပုတ်နဲ့နော် ငါအပြာယူရမှာလေ ငါနိုင်တာလေ"

"ကဲပါသမီးရယ် အစိမ်းလေးပဲ ယူလိုက်နော် သမီးက အစိမ်းလေးနဲ့ဆိုလိုက်မှာ"

"မေမေ သမီးနိုင်တာလေ"

"ကိုယ့်သူငယ်ချင်းကို အလျော့ပေးလိုက်ပါသမီး‌ရယ်၊ မေမေ့သမီးက လိမ္မာပါတယ်"

"ငါပြန်ပီ လ အပြာရောင် ယူသွားပီ"

"ဟင့် ဟင့် ဟင့်"
လ တစ်ယောက် ငို၍ကျန်ခဲ့တော့သည်။

မေမေကအမြဲအဲ့အတိုင်းပင် ခွင်း နဲ့ လ  ပြသနာတက်တိုင်း ခွင်း ကိုသာဦးစားပေးသည်။ တခါတလေကျ မေမေတို့ချင်း ကလေးများမှာလာလားလို့ လ တွေးမိသည်။ ခွင်းမိဘတွေနဲ့ လ မိဘတွေက သူငယ်ချင်းတွေဖြစ်သည်။ အိမ်ထောင်ကျကြတာလည်း တစ်နှစ်လောက်သာကွာပီး ကိုယ်ဝန်ဆောင်တော့လဲ ရှေ့ဆင့်နောက်ဆင့်ပင်။ လ ကိုမွေးမယ့် Due Date က ခွင်းကို မွေးမယ့် Due Date ထက်တစ်လကျော်လောက် နောက်ကျပေမယ့် ညသန်းခေါင်မှာမွေးတဲ့ ခွင်းကို မေမေတို့က မနက်စောစော သွားကြည့်ကြရင်း မေမေဗိုက်နာလာသဖြင့် လ ကို မနက်ပိုင်းမှာ မွေးလိုက်ရသည်။

Friendship To Relationship (Completed)Where stories live. Discover now