12

645 87 0
                                    

Chapter 12

ဒါရိုက်တာက စည်းကမ်းချက်တွေကို ရှင်းပြပြီးသည်နှင့် ချက်ချင်းဆိုသလို သင်တန်းသားများ နှင့် နည်းပြဆရာများကို စင်ပေါ်သို့ဖိတ်ခေါ်ခဲ့သည်။

သင်တန်းသားများသည် သက်ဆိုင်ရာအသင်းအလိုက် နည်းပြဆရာတစ်ဦးစီ၏နောက်တွင် ရပ်နေကြရပါသည်။

လူတိုင်း နေရာယူပြီးကြပြီးနောက် ဖန်သားပြင်ကြီးပေါ်တွင် MV စတင်ပြသလာသည်။

ဒါရိုက်တာအဖွဲ့မှ တေးသီချင်းလေးပုဒ်ကိုရွေးချယ်ခဲ့ပြီး ထိုတေးသီချင်း‌များကို MVမှတဆင့် ဖွင့်ပြခဲ့ကာ ထိုလေးပုဒ်အနက် တစ်ပုဒ်ကို သင်တန်းသားများအတွက် ပထမဆုံးအကြိမ်အဖြစ် ဖျော်ဖြေပွဲတွင် ဖျော်ဖြေပေးရမည်ဖြစ်သည်။

ဤအကဲဖြတ်မှု၏ ဆောင်ပုဒ်မှာ သီဆိုကခုန်ခြင်းဖြစ်ပြီး သီချင်းလေးပုဒ်၏ အမျိုးအစားများမှာ တူညီသော်လည်း သူတို့ဘက်က သီဆိုကပြရန် လိုအပ်ပါသေးသည်။

ဗီဒီယိုကိုကြည့်ရှုပြီးနောက်၊ အခြားအဖွဲ့များမှ သင်တန်းသားများသည် သူတို့၏အဖွဲ့အတွက် အကသည် မည်သူနှင့်သင့်လျော်ကြောင်း၊ မည်သည့်သီချင်းကို ဖျော်ဖြေဖို့အတွက် ရွေးချယ်ရမည်ကို သူတို့၏အသင်းဖော်များနှင့်စတင်၍ ဆွေးနွေးတိုင်ပင်နေကြပြီဖြစ်သည်။

သို့သော် လင်းယန်ရန်၏အဖွဲ့မှ သင်တန်းများသည် တစ်ယောက်မျက်နနှာကိုတစ်ယောက်ကြည့်နေကြပြီး သူတို့ရဲ့ထင်မြင်ယူဆချက်ကို ထုတ်မပြောချင်ကြဘဲ နှုတ်ဆိတ်နေကြသည်။

ရှရှင်းရှင်းမှလွဲ၍ ကျန် ၁၄ ဦးသည် တခြားအဖွဲ့ကိုရွေးချယ်ခဲ့ကြသော်လည်း အခြားအဖွဲ့များမှ ဖယ်ထုတ်ခံခြင်းလိုက်ရသည့်သူများပင် ဖြစ်သည်။

ထို့ကြောင့် အဆိုပိုင်း၊ အကနှင့် ရက်ပ်အကုန်ပါရှိသော်လည်း သူတို့ အားလုံးသည် သူတို့၏သက်ဆိုင်ရာနယ်ပယ်လေးတစ်ခုစီမှာသာ နည်းနည်းပါးပါးပိုင်နိုင်သည့် အသင်းဖော်များဖြစ်ကြသည်။

ထို့အပြင်၊ အဖွဲ့တစ်ခုလုံး၏ပုံစံသည် အလွန်လိုက်ဖက်မညီ‌ ၊ လုံးဝပေါင်းစပ်လို့မရသည့်အပြင် သူတို့အတွက်လည်း သင့်လျော်သည့်ပုံမပေါ်ပေ။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now