Part.1

35.8K 369 0
                                    

ထည်ဝါခမ်းနားလှသောဟိုတယ်ရှေ့မှာကားရပ်သွားသည်နှင့်ခြေထောက်လှလှလေးတစ်စုံကကားပေါ်ကနေဆင်းလာ၏။
ခရမ်းရင့်ရောင်ရင်ပြတ်ဂါဝန်လေးကခြေမျက်စိထိပျော့တွဲကျနေပြီးဆံပင်ကိုလည်းဒီခပ်ပွပွလေးထုံးထားကာမျက်နှာလေးကမကျေနပ်စိတ် မခံချင်စိတ်လေးတွေရောယှက်ကာပြိုတော့မယ့်မိုးလိုမဲမှောင်နေလေသည်။

''ယော နင်မသွားပါနဲ့လားဟာ''

သူမကားမောင်းသူနေရာမှာထိုင်နေတဲ့သူကိုတစ်ချက်လှည့်ကြည့်ကာ

''နင်အသာနေပါ သူအမြဲတမ်းငါ့ကိုခုလိုမျိုးလျစ်လျူရှုထားတာ ငါကြာတော့သည်းမခံနိုင်တော့ဘူး နင်ပြန်နှင့်တော့ ငါသွားပြီ''

ပြောပြောဆိုဆိုနဲ့သူမဂါဝန်လေး'မ'ကာဟိုတယ်ထဲဝင်လာခဲ့လိုက်သည်။
သူမဒီဟိုတယ်မှာကျင်းပနေတဲ့မင်္ဂလာညစာစားပွဲကိုရောက်လာခြင်းပါ။

ပွဲပိုင်ရှင်တွေကဘယ်လောက်များကြီးကျယ်သလဲဆိုVIPစာရင်းမှာပါတဲ့သူတွေကလွဲရင်ကျန်တဲ့သူတွေကဖိတ်စာပါမှပွဲထဲဝင်ခွင့်ရပါသတဲ့။

သူမလက်ထဲကဖိတ်စာလေးကိုပွဲရှေ့မှာရပ်စောင့်နေတဲ့securityကိုပေးလိုက်တော့သူကချက်ချင်းတံခါးဖွင့်ပေး၏။

''ရှင်ယောကိုသိပ်လျှော့တွက်လွန်းနေပြီကိုကို''

သူမ​ခြေလှမ်းတွေကပွဲထဲကိုဦးတည်လာပြီးမျက်လုံးကတစ်စုံတစ်ယောက်ကိုဝေ့ဝဲရှာနေမိ၏။
အားလုံးကဆရာဝန်နဲ့ဆရာဝန်ကတော်တွေမို့ထင်ပါရဲ့။သားနားလိုက်ကြသည့်ဖြစ်ခြင်း။
သူမလည်းဆရာဝန်ကတော်ပဲဆိုပေမယ့်စိတ်ထဲမှာသိမ်ငယ်သလိုခံစားနေရတာအမှန်။

.....

''နိဒါန်း မင်းကမင်းမိန်းမကိုတော့ခေါ်မလာဘူး''

''မခေါ်ချင်ပါဘူး အလုပ်ရှုပ်လွန်းလို့''

''မင်းကလည်းကွာ မင်းမိန်းမကိုပွဲလေးဘာလေးထုတ်သင့်ပါတယ်''

''တော်ပါကွာ''

သူခေါင်းရမ်းရင်းလက်ထဲကရှန်ပိန်ခွက်ကိုမော့သောက်လိုက်၏။

''နိဒါန်း''

ထိုအသံကိုကြားလိုက်ရချိန်တိုင်းသူ့နှလုံးသားလှုပ်ရှားရတာအကြိမ်ကြိမ်ပင်။မျက်နှာလေးမြင်လိုက်ရရင်လည်းရူးသွပ်ခဲ့ရတာအခါခါပါ။

Tell me''Love You'' [completed]Where stories live. Discover now