Part.6

12.9K 267 0
                                    

Guideဆရာပေးခဲ့တဲ့အမှတ်စာရင်းကိုကြည့်ပြီးယောစိတ်ဓာတ်အကြီးအကျယ်ကျသွားရသည်။
ယောbioနဲ့chemistryနှစ်ဘာသာပဲဂုဏ်ထူးပါခဲ့လေ၏။
ပိုပြီးခံပြင်းဖို့ကောင်းတာ​ကကျန်တဲ့လေးဘာသာမှာနှစ်ဘာသာကဂုဏ်ထူးမှတ်နဲ့နှစ်မှတ်သုံးမှတ်လေးတွေကပ်ပြုတ်ခဲ့တာ။

ဒီအကြောင်းကိုကိုကို့ကိုလည်းမပြောရဲ။ကိုယ်ကသူ့ရှေ့မှာလေကျယ်ပြီးစာချုပ်တွေတောင်ချုပ်ထားတာ။ကိုကိုကသူမကိုလှောင်နေမလား ဟားတိုက်နေမလားမသိ။

ခုလောက်ဆိုဆရာကကိုကို့ကိုပြောပြီးလောက်ရောပေါ့။ဆရာကတော့သူ့တပည့်ဂုဏ်ထူးနှစ်ခုပါလို့ပျော်နေပေမယ့်ယောကတော့မပျော်နိုင်ပါ။

ယောဆိုဖာပေါ်ဒူးလေးပိုက်ကာ​ဆိုဖာကျောမှီကိုမှီထိုင်ပြီးငြိမ်ချက်သားကောင်းနေ၏။

''ကိုကို့ကိုတောင်ရင်မဆိုင်ရဲတော့ဘူး အဟင့်''

ယောမျက်နှာကလုံးဝကိုမဲ့ရှုံ့နေလေသည်။

''ငါ့ဘဝကလည်းငိုချင်တာတောင်မျက်ရည်ကမထွက်ဘူး စိတ်ညစ်လိုက်တာ''

ထိုစဥ်ဒေါ်လေးရောက်လာပြီး

''မျက်နှာကမဲ့ရှုံ့လို့ ဘာဖြစ်နေတာတုန်း''

''ဘာမှမဖြစ်ပါဘူးဒေါ်လေးရယ်''

''ဒါနဲ့ငါ့တူမ ညည်းစာမေးပွဲဖြေတာDနှစ်ခုပါတယ်ဆို''

''အွန်း''

''ဖြေတဲ့အသံကလည်းအားကိုမရှိဘူး မပျော်ဘူးလား''

''နည်းနည်းတော့ပျော်ပါတယ် ဒါနဲ့ဒေါ်လေး ကိုကို့ဆီဖုန်းဆက်ပြီးနေ့လည်စာစားဖို့မမေ့ဖို့ပြောပေးပါလား''

''ကိုယ်တိုင်ပြောတော့ဘာဖြစ်လို့လဲ''

''လုပ်ပါ''

''အေးအေး ပြောပေးမယ်''

''ဟုတ်''

ဒေါ်လေးကယောအနားကနေထထွက်သွားလေသည်။

''ရှက်လိုက်တာ ငါ့မျက်နှာကြီးဘယ်နားသွားထားရမလဲမသိဘူး''

ယောတစ်နေကုန်ထမင်းလည်းမစားနိုင်ဘာမှလည်းမလုပ်နိုင်ဘဲငူငူငိုင်ငိုင်ကြီးသာဖြစ်နေလေသည်။

Tell me''Love You'' [completed]Where stories live. Discover now