Part.14

12.6K 207 1
                                    

''သရက်သီးစားချင်လို့ သရက်သီးစားချင်လို့ပါဆိုနေ''

ညဆယ့်နှစ်နာရီကျော်ကြီးယောကထပူဆာလေ၏။

''ယောရယ် ဒီချိန်ကြီးဘယ်ကသရက်သီးကရမှာလဲ''

''မရဘူး ခုစားချင်တာ သွားရှာပေး မစားရရင်မအိပ်ဘူးနော်''

''ယောကလည်းကွာ''

''ဪ ခုတော့ငြိုငြင်ပြီပေါ့ သူများကကိုယ်ဝန်ကြီးနဲ့မှန်းသိရဲ့သားနဲ့ဒါလေးတောင်မလုပ်ပေးချင်ဘူး အီးဟီး မကျေနပ်ဘူး မကျေနပ်ဘူး''

ယောကခြေထောက်ပွတ်ပြီးအော်ငိုတော့လည်းသူ မနေသာပြန်။

''ကဲကဲ သွားရှာဝယ်ပေးပါ့မယ်ကွာ မငိုပါနဲ့တော့ နော်''

''အာ့ဆိုခုသွားဝယ်ပေး''

''အင်းပါ ယောအိမ်မှာစောင့်နေနော်''

''အင်း ဪ သရက်သီးကအမှည့်နော်''

''အင်းပါ''

ယောစိတ်ချမ်းသာဖို့သာသူရှာဝယ်ပေးမယ်ပြောလိုက်ရတာ။ဒီအချိန်ကြီးဘယ်နားကသရက်သီးကိုသူသွားရှာဝယ်ရမှာလဲ။သူတွေးပြီးအတော်စိတ်ညစ်သွားရသည်။

သူကားတစ်စီးနဲ့နေရာအနှံ့လျှောက်သွားနေရင်းစျေးတစ်ခုနားအရောက်မှာအိမ်လေးတစ်လုံးကိုတွေ့လိုက်ရ၏။
အိမ်ရှေ့မှာချိတ်ဆွဲထားတဲ့ဆိုင်းဘုတ်လေးကိုအမြင်မှာသူအားတက်သွားရသည်။

''ဒေါ်ကြည် သစ်သီးစုံရောင်းဝယ်ရေး''

တဲ့။သို့သော် ဒီအချိန်ကြီးသူများကိုသွားနှိုးပြီးစျေးဝယ်ရမှာတော့အားနာဖို့ကောင်းလှပါ၏။
ဒါပေမယ့်မတတ်နိုင်။ချစ်ဇနီးမငြိုငြင်ရေးအတွက်သူများကိုဒုက္ခပေးရတော့မည်။

''အိမ်ရှင်တို့ အိမ်ရှင်တို့''

သူအချိန်အနည်းငယ်ကြာတဲ့ထိအော်ခေါ်နေပေမယ့်ဘယ်သူမှထွက်မလာသေး။

''အိမ်ရှင်တို့''

ထိုအချိန်မှာအိမ်တံခါးလေးပွင့်သွားပြီးအဒေါ်ကြီးတစ်ယောက်အိမ်ထဲမှထွက်လာလေသည်။

''ညကြီးမင်းကြီးဘယ်သူတုန်း ဘာကိစ္စရှိလို့လဲ''

''ကျွန်တော်သရက်သီးလာဝယ်တာပါ''

Tell me''Love You'' [completed]Where stories live. Discover now