Part.3

12K 248 0
                                    

ဖုန်းထဲကလှုပ်ရှားမှုတွေကိုကြည့်ပြီးနိဒါန်းကျေနပ်သလိုခံစားရသည်။
သူ​ ယောသူ့ဦးလေးဆီအလည်သွားတုန်းသူမမသိအောင်တစ်အိမ်လုံးမှာလျှို့ဝှက်ကင်မရာလေးတွေနဲ့အသံဖမ်းကိရိယာတပ်ထားခဲ့တာပင်။
ခြံထဲ မီးဖိုချောင်ထဲ ဧည့်ခန်းထဲ နောက်ဆုံးသူမအိပ်ခန်းပါမကျန်ကင်မရာတွေတပ်ထားလိုက်သည်။
သူမကလွယ်တာမဟုတ်။သူမသိအောင်အပြင်ထွက်မှာ အလေလိုက်နေမှာသူစိုးရိမ်မိသည်။
စိုးရိမ်တာလည်းသူမကိုမဟုတ်။သူ့ကိုယ်သူစိုးရိမ်တာပါ။

အခုတော့သူမကguideဆရာပြန်သွားပြီးကတည်းကစာပဲထိုင်ကျက်နေလေသည်။
အစကတည်းကအဲလိုလိမ္မာရင်သူလည်းဒေါသထွက်စရာမရှိ။

သူကြည့်နေတုန်းသူမကအိမ်ပေါ်ကိုတက်သွားပြီးအခန်းထဲဝင်သွားလေသည်။
ပြီးတော့သူမကဝတ်ထားတဲ့တီရှပ်လေးကိုဆွဲချွတ်လိုက်တာကြောင့်သူဖုန်းကိုမှောက်ပစ်လိုက်၏။

''အာ ဒီကောင်မလေးကတော့ ရေချိုးခန်းထဲရောက်မှမချွတ်ဘဲနဲ့''

ကင်မရာတပ်ထားမှန်းမသိတဲ့သူမကိုသူအပြစ်တင်နေလိုက်သည်။
သူကိုယ်တိုင်ကသူမကိုဆိုအမြဲအပြစ်တင်နေတတ်မှန်းသူ့ကိုယ်သူသိပေမယ့်မပြုပြင်နိုင်တာအခက်သား။
သူသံယောဇဥ်ဆိုသောထိုမိန်းကလေးအားနည်းနည်းမှကြည့်မရပါ။

ဘာလို့လဲဆိုရင်သူမဖြေတတ်။ဆယ်တန်းမအောင်တာ တစ်ခါတစ်လေအပျော်အပါးလိုက်စားတတ်တာကလွဲရင်သူမကစာရိတ္တကောင်းသည်။သူ့ကိုလည်းလေးစားချစ်ခင်ပြီးသူ့စကားဆိုမြေဝယ်မကျနားထောင်တတ်သည်။ပြီးတော့သူမကအတော်လေးလည်းလှသည်။
ဒါဆိုဘယ်အရာကများသူ့အားသူမကိုမုန်းစေသနည်း။

ထိုစဥ်

''ဒေါက် ​ဒေါက်''

တံခါးခေါက်သံနဲ့အတူတံခါးပွင့်သွားပြီးနွယ်ကသူ့အခန်းထဲဝင်လာ၏။

''ဪနွယ် ဘာကိစ္စရှိလို့လဲ''

''နေ့လည်စာစားချိန်ရောက်နေပြီလေ''

''ဟမ်''

သူလက်ကနာရီကိုကြည့်လိုက်တော့ဆယ့်နှစ်ခွဲနေပြီပင်။

''ဘာတွေများစဥ်းစားနေလို့ထမင်းစားချိန်ရောက်တာတောင်မသိရတာလဲ''

Tell me''Love You'' [completed]Where stories live. Discover now