သူအခန်းထဲမှာလှဲနေပေမယ့်စိတ်ကယောဆီသာရောက်နေ၏။ဒီကောင်မလေးကပြောရဆိုရတအားလက်ပေါက်ကပ်တာပင်။
နေ့လည်ကအခန်းထဲဝင်သွားပြီးကတည်းကခုထိလုံးဝပြန်ထွက်မလာသေး။
ချော့ခေါ်လည်းမရ ခြောက်ခေါ်လည်းမရ။''ချောက်''
ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပြီမို့အခန်းတံခါးဖွင့်သံကိုပီပီသသကြားလိုက်ရ၏။
သူချက်ချင်းအခန်းပြင်ကိုအမြန်ပြေးထွက်လာတော့ယောကလှေကားထိပ်မှာတောင်ရောက်နေပြီ။''ယော''
သူခေါ်တော့ယောကဖြူဖပ်နေတဲ့မျက်နှာ ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေနဲ့သူ့အားလှည့်ကြည့်လာ၏။
''ယော''
သူချက်ချင်းသူမကိုဆွဲပြီးနဖူးတွေပါးတွေကိုစမ်းကြည့်လိုက်၏။
''ယော မင်းဒီလောက်ပူကျစ်နေတာကိုဘာလို့ပေတေနေတာလဲ ဟမ်''
''ယောကိုလွှတ်ပါ ယောရေအရမ်းဆာလို့ရေသွားသောက်မလို့''
''ငါ့အခန်းထဲမှာရေရှိတယ် လာခဲ့''
သူယောအားဆွဲခေါ်လာ၏။ယောကလည်းသူ့နောက်ကနေတရွတ်တိုက်မတတ်ပါလာလေသည်။
အခန်းထဲရောက်တော့နိဒါန်း ယောအားကုတင်ပေါ်မှာထိုင်စေပြီးရေခရားထဲကရေကိုခွက်ထဲထည့်ကာကမ်းပေးလိုက်၏။
ယော ကိုကိုပေးလာတဲ့ရေကိုအငမ်းမရသောက်လိုက်သည်။ပြီးတော့ဖန်ခွက်အားကိုကို့ကိုပြန်ပေးလိုက်၏။
''လှဲအိပ်လိုက်''
''ဘာလုပ်မလို့လဲ''
''မင်းဘာဖြစ်တာလဲစမ်းသပ်ကြည့်မလို့လေ''
''စမ်းသပ်စရာမလိုပါဘူး ယောဒီအတိုင်းဖျားတာပါ''
''လှဲဆိုလှဲပါ''
ယောကုတင်ထက်မှာလှဲအိပ်လိုက်၏။
ကိုကိုကသူ့နားကြပ်ကိုယူပြီးယောရဲ့ရင်ဘတ်အနှံ့ကိုစမ်းသပ်ပေးသည်။ပြီးတော့သွေးပေါင်ချိန်တွေရောအကုန်တိုင်းပေးပြီး
''အအေးမိသွားတာ ဖြစ်မှာပေါ့ ရေကိုတစ်နေ့သုံးခါလောက်ချိုးနေတာကို''
YOU ARE READING
Tell me''Love You'' [completed]
RomansaCompleted မချစ်ဘူးပြောပြီးဇွတ်သဝန်တိုဇွတ်ကြမ်းမယ့်ဆရာဝန်လေးနဲ့ကိုကိုထိပ်ထားစံကောင်မလေးတို့အကြောင်း