Part.8

13.8K 261 0
                                    

ယောမနက်အိပ်ရာနိုးတော့ကိုကိုကဘေးမှာရှိမနေ။
ယောရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းမလှုပ်နိုင်အောင်ကိုနာကျင်နေလေ၏။

ယောခန္ဓာကိုယ်ပေါ်ကစောင်ကိုဖယ်လိုက်တော့ကိုကိုညကဝတ်ထားတဲ့တီရှပ်လေးကယောကိုယ်ပေါ်ရောက်နေလေရဲ့။

ယောကုတင်ပေါ်ကဆင်းခဲ့ပြီးအဝတ်အစားတွေကိုပြန်ကောက်ကာကိုယ့်အခန်းထဲကိုဝင်ခဲ့လိုက်၏။
ယောမျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်ခဲ့တော့မှန်ထဲကနေတစ်ဆင့်မြင်လိုက်ရတဲ့လည်ပင်းကmarkinရာတွေကြောင့်မျက်လုံးပြူးသွားရသည်။

''ဟင်''

သူမအင်္ကျီလည်ပင်းလေးကိုနည်းနည်းဆွဲချကြည့်တော့ရင်ဘတ်မှာတွေလည်းအနှံ့အပြားပင်။

ယောထိုအရာတွေကိုမပျောက်မှန်းသိပေမယ့်လက်နဲ့ပွတ်ပစ်လိုက်၏။

''ကိုကိုအရမ်းဆိုးတာပဲ''

ထိုစဥျ

''ဒေါက် ဒေါက်''

''လာပြီ''

ယောအသံပြုရင်းနဲ့အခန်းတံခါးလာဖွင့်ပေးလိုက်တော့တံခါးလာခေါက်သူကကိုကိုဖြစ်နေ၏။

''ဟင်''

ယောတံခါးပြန်ပိတ်မယ်လုပ်တော့ကိုကိုကတံခါးကိုလက်နဲ့ဆွဲထားပြီးအခန်းထဲမရမကဝင်ခဲ့လေသည်။

''ကိုကိုဘာလုပ်တာလဲ ဆေးရုံမသွားသေးဘူးလား''

''သွားမှာ မင်းအိပ်ရာကထနိုင်သေးရဲ့လားလို့လာကြည့်တာ''

သူ့စကားကြောင့်ယောမျက်နှာကပန်းနုရောင်နှင်းဆီပန်းခင်းကြီးအလားရဲတက်လာ၏။

ယောအောက်နှုတ်ခမ်းလေးကိုကိုက်ကာ

''ကိုကိုထွက်သွားတော့ သွား''

''ဘယ်လိုတွေဖြစ်နေတာလဲ''

ကိုကိုကယောကိုခေါင်းအစ​ခြေအဆုံးကြည့်ပြီး

''လှတယ်''

''ဟမ်''

''ငါ့အင်္ကျီကမင်းနဲ့လှနေတယ်လို့ ပြီးတော့markinရာလေးတွေကလည်းလှတယ်''

''အားး ကိုကိုခုထွက်သွား သွား''

ယောကိုကို့အားအတင်းတွန်းလွှတ်ကာအခန်းထဲကနှင်ထုတ်လိုက်၏။

Tell me''Love You'' [completed]Where stories live. Discover now