Part.9

13.5K 243 5
                                    

''ဟေ့ကောင်မလေး ရွှတ် ရွှတ်''

ယောခြံထဲကဒန်းပေါ်မှာထိုင်ကာစာအုပ်ဖတ်နေတုန်းအသံတစ်ခုကြားတာကြောင့်ဟိုဟိုဒီဒီရှာကြည့်တော့ဘေးခြံကအုတ်တံတိုင်းပေါ်ကနေခေါင်းတစ်ခုပြူထွက်နေပြီးသူမကိုပြုံးပြုံးကြီးကြ​ည့်နေတဲ့လူတစ်​ယောက်...

''ဘာလဲ''

''ဟိုဟာ ကြက်တောင်လေးကျသွားလို့ကောက်ပေးပါဦး''

သူက​ယောတို့ခြံထဲကမြက်ခင်းတစ်နေရာကိုလက်ညှိုးထိုးပြတာကြောင့်ယောထိုင်နေရာမှထလာလိုက်၏။
ယောကြည့်လိုက်တော့မြက်ခင်းပေါ်မှာကြက်တောင်လေးတစ်ခုတစ်ကယ်ရှိနေသည်။

ယောကောက်လိုက်ပြီးအုတ်ခုံလေးပေါ်တက်ကာ

''ရော့ နောက်တစ်ခါမကျစေနဲ့ မကောက်ပေးဘူး''

''စွာလိုက်တာကွာ ဒါလေးအကူအညီတောင်းတာကို ဒါနဲ့နာမည်ဘယ်လိုခေါ်လဲ''

''သံယောဇဥ်''

''အဲ့မယ် နာမည်ကအပျံစားပါလား ကိုယ့်နာမည်ကနေသူရိန်ပါ ဒီအိမ်ကိုသူငယ်ချင်းတွေနဲ့စုပြီးငှားထားတာ''

''အင်း''

''နဖူးကဒဏ်ရာမရှိတော့ဘူးဘဲ ဘယ်လိုလဲ ကားမောင်းကျွမ်းသွားပြီလား''

''ဟင့်အင်း ကိုကိုကမမောင်းခိုင်းဘူး''

''ဪ ခင်လို့ရတယ်မလားဟင်''

သူကမေးတော့ယောနားထဲမှာကိုကိုပြောခဲ့ထားတဲ့စကားတွေတိုးဝင်လာပြီး​​​ယောကြောက်အားလန့်အားနဲ့

''မရဘူး မရဘူး သွားပြီ''

ယောအုတ်ခုံပေါ်ကပြေးဆင်းကာအိမ်ထဲကိုတစ်ချိုးတည်းလစ်ပြေးတော့သည်။
ကိုကိုသိလို့ကတော့ပြဿနာ။

''ဘာလေးလဲဟ ချစ်စရာကောင်းလိုက်တာ သူ့အစ်ကိုကချုပ်ချယ်ထားလို့ထင်တယ် အဟင်း''

နေသူရိန်ကတော့သူ့အတွေးနဲ့သူအိုကေနေလေရဲ့။

🌳🌳

''ယော မင်းဒီနေ့ဘာတွေလုပ်ထားသေးလဲ''

''ရှင် ဘာမှမလုပ်ပါဘူး''

ယောထမင်းစားရင်းမဝေကိုငဲ့ကြည့်ကာမေးဆတ်ပြတော့မဝေကခေါင်းရမ်းပြ၏။
ဘာလို့ဆိုနေ့လည်ကဟိုဘက်ခြံကလူစကားလာပြောတာကိုယောမဝေကိုပြောပြထားတာမို့မဝေများကိုကို့အားပြန်ပြောသလားလို့ထင်လိုက်မိခြင်းကြောင့်ပါ။

Tell me''Love You'' [completed]Where stories live. Discover now