ယောအိပ်ရာကနိုးတော့ညခုနှစ်နာရီပင်ထိုးနေပြီ။
ကိုကိုကလည်းခုထိမလှုပ်မယှက်အိပ်နေဆဲ။
ယောကိုကို့လက်တွေကိုအသာဖယ်ကာအိပ်ရာကထဖို့ပြင်တော့ကိုကိုကယောကိုပြန်ဆွဲဖက်ထားလေသည်။''ကိုကို ကိုကိုနိုးနေပြီလား''
''အွန်း''
ယောကိုကိုနဲ့မျက်နှာချင်းဆိုင်အိပ်လိုက်ပြီး
''ကိုကိုသက်သာလားဟင်''
''သိပ်မသက်သာသေးဘူး''
ကိုကိုကမျက်လုံးမဖွင့်ဘဲယောမေးသမျှကိုဖြေနေ၏။
''ယောတို့ဆေးခန်းသွားပြရအောင်လေ နော်ကိုကို''
''မသွားဘူး သွားလည်းမထူးဘူး''
''ကိုကိုကလည်း အဲဒါဆိုညစာစားပြီးဆေးလေးတော့သောက်လိုက်နော်''
''ခုနကမှသောက်ထားတာလေ''
''ဒါဆိုညစာစာတော့စားနော် ယောလေ ကိုကို့အတွက်ခေါက်ဆွဲပြုတ်ပေးမယ် ကိုကိုစားမလား''
ကိုကိုကမျက်လုံးတွေဖွင့်လာပြီးယောကိုသူနဲ့ပိုပြီးနီးကပ်သွားအောင်ဆွဲကပ်ကာ
''ယော''
''ဟင်''
''ကိုကိုကခေါက်ဆွဲစားချင်တာမဟုတ်ဘူး မက်မွန်သီးစားချင်တာ''
''ဟမ် ဒီအချိန်ကြီးမက်မွန်သီးကဘယ်ကရမှာလဲကိုကိုရဲ့''
''ကိုကိုပြောတာအသီးမက်မွန်သီးကိုပြောတာမဟုတ်ဘူး ယောရဲ့မက်မွန်သီးကိုပြောတာ''
''ဟင် ယောရဲ့မက်မွန် အာ ကိုကိုနော် ဘာတွေပြောနေတာလဲ နေမကောင်းဘူးဆိုပြီးတော့နော် ဖယ်တော့ ယောကိုကို့အတွက်ခေါက်ဆွဲသွားပြုတ်ပေးမယ်''
''ကိုကိုလည်းလိုက်မယ်''
''အင်း''
ယောကိုကို့အားအိပ်ရာမှထူပေးပြီးကိုကိုနဲ့အတူအောက်ထပ်ကိုဆင်းခဲ့၏။
ယောတို့ကိုမြင်တော့မဝေကအိုးခွက်ပန်းကန်တွေဆေးနေရင်းမှ
''အယ် မမလေးတို့ဆင်းလာကြပြီလား မဝေကမမလေးတို့ညစာမစားတော့ဘူးထင်လို့မဝေကဟင်းပန်းကန်တွေတောင်ရေခဲသေတ္တာထဲထည့်လိုက်ပြီ မဝေပြန်နွှေးပေးမယ်နော်''
YOU ARE READING
Tell me''Love You'' [completed]
RomanceCompleted မချစ်ဘူးပြောပြီးဇွတ်သဝန်တိုဇွတ်ကြမ်းမယ့်ဆရာဝန်လေးနဲ့ကိုကိုထိပ်ထားစံကောင်မလေးတို့အကြောင်း