Part.5

12.5K 251 0
                                    

နိဒါန်းဆေးရုံသွားဖို့ပြင်ဆင်ပြီးမနက်စာစားရန်ထမင်းစားခန်းထဲဝင်လာချိန်ယောကသူ့ထက်အရင်မနက်စာကြိုစားနှင့်နေပြီမို့သူချက်ချင်းထိုနေရာမှလှည့်ထွက်ခဲ့လိုက်၏။

သူထွက်သွားတာမြင်တော့ယောကသူ့နောက်ကနေချက်ချင်းပြေးလိုက်လာကာသူ့ရှေ့မှာပိတ်ရပ်လိုက်ပြီး

''ကိုကိုမနက်စာမစားဘူးလား''

''မစားတော့ဘူး''

''ဘာလို့လဲကိုကိုရဲ့ မဝေလက်ရာကအရမ်းစားကောင်းတာ ထမင်းကိုဝါစိမ်းနီလေးတွေရယ်ပုစွန်တွေရယ်နဲ့ကြော်ထားတာ ကိုကို့အကြိုက်ငရုပ်ကောင်းလေးပါဖြူးထားသေးတယ် စားသွားပါကိုကိုရယ် နော်''

''တော်ပြီ မစားချင်ဘူး''

သူကငြင်းတော့သူမမျက်နှာလေးညှိုးသွားလေသည်။

''ကဲပါ စားမယ်ဟုတ်ပြီလား''

ထိုအခါမှသူမမျက်နှာလေးကပြုံးသွားလေ၏။
သူလည်းယောနဲ့အတူထမင်းစားခန်းထဲဝင်လာပြီးသူမထည့်ပေးသောထမင်းကြော်ကိုစားကာသူမထည့်ပေးသောကော်ဖီကိုသောက်ပြီးအိမ်မှထွက်ခဲ့တော့သည်။

သူမမျက်နှာညှိုးသွားတာနဲ့သူမရဲ့ဆန္ဒကိုချက်ချင်းလိုက်လျောပေးလိုက်တာသူ့ကိုယ်သူပင်အံ့သြလို့မဆုံး။
ရှောင်မယ်​ဆိုမှတည့်တည့်တိုးနေမိသောသူ့အဖြစ်ပါ။

🌼🌼

နိဒါန်းလူနာတွေကြည့်ပြီးသူ့အခန်းထဲပြန်လာချိန်စားပွဲပေါ်ကသူ့ဖုန်းလေးကိုယူကြည့်လိုက်တော့ယောဆီကmiss callပေါင်းများစွာကိုတွေ့လိုက်ရသည်။

''နေ့လည်စာစားချိန်တုန်းကတစ်ခါခေါ်ပြီးသားကို ဘာလို့များပါလိမ့်''

သူဖုန်းပြန်ခေါ်မယ်လုပ်တုန်းသူမဆီကအရင်ဖုန်းပြန်ဝင်လာ၏။

''ဟဲလို ငါခုပဲမင်းကိုဖုန်းပြန်ဆက်တော့မလို့ ဘာကိစ္စရှိလို့လဲ''

''ပြဿနာတက်ပြီကိုကို အိမ်မှာဦးလေးနဲ့ဒေါ်လေးရောက်နေတယ် ဦးလေးကတော့ခဏနေကျရင်ပြန်မှာတဲ့ ဒေါ်လေးကတော့အိမ်မှာတစ်ပတ်လောက်နေမှာတဲ့''

''ဘာ''

ခါတိုင်းဆိုဒေါ်လေးကအိမ်ကိုလာလည်ရင်မနက်လာရင်နေ့လည်ဆိုပြန်သွားတတ်သည်။ခုလိုအိမ်မှာရက်ကြာကြာမနေခဲ့ဖူး။ခုကျမှ....။

Tell me''Love You'' [completed]Where stories live. Discover now