ဒီနေ့မနက်အိပ်ရာနိုးကတည်းကယောဘာဖြစ်နေမှန်းမသိပါ။ရင်လည်းပြည့်နေသလိုခံစားရပြီးနေလို့လည်းမကောင်း။
ကိုကို့ကိုသွားပြောရင်ကိုကိုကဆေးတွေဘာတွေထိုးမှာကြောက်တာမို့မပြောရဲ။''မမလေး မျက်နှာကဖြူဖပ်ဖြူရော်နဲ့ နေမကောင်းဘူးလား''
ကိုကို့အတွက်နေ့လည်စာထမင်းဗူးပြင်နေတဲ့ယောအားမဝေကအနားလာပြီးမေးရှာသည်။
''နေကောင်းပါတယ်မဝေရယ် ဒီအတိုင်းအိပ်ရေးပျက်လို့နေမှာပါ''
''ဒေါက်တာကိုထမင်းကသွားပို့နိုင်ရဲ့လား မဝေသွားပို့ပေးရမလား''
''ရပါတယ် မဝေသွားရင်ကိုကိုကဟိုဟိုဒီဒီတွေမေးနေဦးမယ်''
''အဲဒါဆိုလည်းတက္ကစီနဲ့သွားနော်''
''အမလေးမဝေရယ် စိတ်ပူတတ်လိုက်တာ ယောဘာမှမဖြစ်ပါဘူးဆို မဝေကိုပြောရတာပိုမောတယ် သွားတော့မယ်''
ပြောပြီးတာနဲ့ယောထမင်းဗူးလေးကိုလက်ဆွဲအိတ်လေးထဲထည့်ကာအိမ်မှထွက်ခဲ့၏။
မဝေစိတ်ပူမှာစိုးလို့သာဘာမှမဖြစ်ဘူးပြောလိုက်ရတာ။အမှန်တော့ယောနေလို့လုံးဝမကောင်းပါ။လူကခြေတစ်လှမ်းကနေတစ်လှမ်းရွေ့ဖို့ကိုအားမရှိနေသလိုပင်။တော်သေးသည်ကကိုကို့ဆီကိုယောအဆင်ပြေပြေရောက်လာလို့ပင်။
''ဒေါက် ဒေါက်''
ဒီအချိန်တံခါးလာခေါက်မယ့်သူကတစ်ယောက်သောသူသာရှိတာမို့နိဒါန်းပြုံးသွားရသည်။
''ဝင်ခဲ့လေယော''
သူအခန်းတံခါးကိုမျှော်လင့်တကြီးကြည့်နေပေမယ့်တစ်ကယ်ဝင်လာတဲ့သူကသူထင်ထားသူမဟုတ်ဘဲဟန်နီဖြစ်နေ၏။
''ယောမဟုတ်ဘူး ဟန်နီပါ''
''မင်းဘာလာလုပ်ပြန်ပြီလဲ ဒီနေရာကမင်းလိုလူတွေဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာမဟုတ်ဘူး ခုထွက်သွား''
ဟန်နီကနားထဲမဝင်သလိုနဲ့သူ့လက်ထဲကအထုတ်ပလုတ်တွေကိုနိဒါန်းစားပွဲပေါ်တင်ကာ
''အဲလောက်လည်းခါးခါးသီးသီးဖြစ်မနေပါနဲ့ အခုဟန်နီ့မိဘတွေရန်ကုန်ရောက်နေတာ အဲဒါလက်ဆောင်တွေပါလာလို့ ဟန်နီကအစ်ကို့အတွက်စေ''
YOU ARE READING
Tell me''Love You'' [completed]
RomanceCompleted မချစ်ဘူးပြောပြီးဇွတ်သဝန်တိုဇွတ်ကြမ်းမယ့်ဆရာဝန်လေးနဲ့ကိုကိုထိပ်ထားစံကောင်မလေးတို့အကြောင်း