Part.2

13K 244 0
                                    

နိဒါန်းဆေးရုံသွားဖို့ပြင်ဆင်ပြီးအောက်ထပ်ကိုဆင်းလာချိန်မှာယောကဆိုဖာပေါ်မှာလက်ကလေးပိုက်ကာမနေ့ကဝတ်ထားတဲ့ဝတ်စုံလေးနဲ့ပဲခွေခွေလေးအိပ်ပျော်နေ၏။သူမတစ်ညလုံးဒီအတိုင်းအိပ်ပျော်သွားခဲ့သည်ထင်ပါသည်။

သူယောအားလျစ်လျူရှုကာအိမ်ထဲကထွက်သွားဖို့လုပ်တော့ယောကအိပ်ရာမှနိုးလာပြီး

''ကိုကို ဆေးရုံသွားတော့မှာလား မနက်စာမစားသွားတော့ဘူးလားဟင်''

''အချိန်မရှိတော့ဘူး ငါဂျူတီရှိတယ် ညကိုလည်းအပြန်နောက်ကျမှာ''

''ယောအိပ်ရာထနောက်ကျသွားလို့တောင်းပန်ပါတယ်နော်ကိုကို''

နိဒါန်းစိတ်ကုန်စိတ်ပျက်နေတဲ့ပုံစံနဲ့သူမကိုကြည့်လာပြီး

''မလိုဘူးလို့ဘယ်နှစ်ခါပြောရမလဲ ငါ့ဝေယျာဝစ္စတွေမင်းလုပ်ပေးစရာမလိုဘူးလို့ နောက်တစ်ပတ်ထဲအိမ်ကိုအိမ်အကူလာလိမ့်မယ် မင်းဘာမှလုပ်စရာမလိုဘူး''

''ဘာလို့အိမ်အကူခေါ်ရတာလဲ အိမ်အလုပ်တွေကိုယောလုပ်နိုင်ပါတယ်''

''သိတယ် မင်းကိုပင်ပန်းမှာစိုးလို့လို့ထင်မနေနဲ့ မင်းစာကျက်ချိန်ပိုရအောင်လို့ အဲဒါမှဒီနှစ်ဆယ်တန်းထပ်မကျမှာ''

''ကိုကိုဘာလို့ဒါကြီးကိုပဲပြောနေတာလဲ ကိုကိုယောကိုဆယ်တန်းမအောင်လို့ဆိုတာတမင်ရမည်ရှာနေတာ တစ်ကယ်ကကိုကိုယောကိုမုန်းနေတာမလား''

''မင်းသိတယ်ဆိုတော့ငါလေကုန်ခံပြီးပြောနေစရာမလိုတော့ဘူးပေါ့''

ပြောပြီးထွက်သွားတဲ့ကိုကိုကဘာမှမဖြစ်သွားပေမယ့်ကျန်ခဲ့တဲ့ယောမှာတော့ကိုကို့ကျောပြင်ကြီးကိုကြည့်ကာမျက်ရည်ပူတွေစီးကျလာရသည်။သူမမနက်တိုင်းမျက်ရည်နဲ့မျက်နှာသစ်နေရတာဘယ်လောက်တောင်ကြာပြီလဲ။

''မုန်းစမ်းပါ စိတ်ရှိသလောက်မုန်းစမ်းပါ ယောရဲ့အချစ်ကဖြူတယ် ယောရဲ့မေတ္တာတွေကစစ်မှန်တယ် အဲ့အတွက်တစ်ချိန်ကျရင်ကိုကို့မေတ္တာတွေယောပြန်ရလာမှာပါ''

ကိုကို့ကိုချစ်မိသွားပြီးတဲ့နောက်မှာယောမှာမာနရောအရှက်ရောဘာမှမရှိတော့ဘူး။​ဒီ့ထက်ပိုပြီးဆုံးရှုံးစရာလည်းမရှိတော့ဘူးလေ။

Tell me''Love You'' [completed]Where stories live. Discover now