♡ဖူးစာ၏လှည့်ကွက်♡
(အပိုင်း13)
''အေး ကြည့်နေ မင်းကဆိုင်ပဲဆိုင်တာ မပိုင်သေးဘူး ငါ့ကပိုင်အောင်လုပ်ပြမှာမို့ မင်းချစ်သူကိုသေချာတာဖွက်ထားလိုက်''
ဇိုး မကျေနပ်ဖြစ်ကာကျန်နေခဲ့ရပြီ...ခုချိန်မှာနွေဦးထက် အနမ်းကိုသာဘယ်လိုယူရင်ကောင်းမလဲဆိုသာတာတွေးနေမိတော့တယ်...
.
.
.''အစ်ကို ''
''ဗျာ''
''ဘာတွေလုပ်နေတာလဲ?''
''ဟင်းချက်နေတာလေ ညနေကျရင်ကိုယ့်မိန်းမတို့စားလို့ရအောင်''
''ဟာ အဲ့တာများနွေဦးချက်ပေးမှာပေါ့''
''ကိုယ့်မိန်းမပင်ပန်းမှာဆိုးလို့ပါဆို''
''ဟွန်း ပိုပြန်ပြီ''
နှာခေါင်းကိုချုံကာပြောလိုက်ချင်းပင်...
''မပိုပါဘူးဗျာ ကိုယ့်ကကိုယ်ခလေးတွေကိုစားစေချင်လို့ချက်ကျွေးတာကို''
''ဘယ်မှာလဲ ခလေးတွေ?''
''ဟောဒီမှာလေ''
နွေဦးရဲ့နှာခေါင်းလေးကိုအသာလေးဖိညှစ်လိုက်ကာ ပြောလိုက်ပြီး ပါးလေးကိုနမ်းရိူက်လိုက်သည်။
''အစ်ကိုကလည်း မီးဖိုချောင်ကြီးမှာ''
''အဲ့ဆို အခန်းထဲသွားမလား''
''ကဲဟယ် ကဲ လူကြီးဖြစ်ပြီးစကားကိုဘယ်လိုတွေပြောနေတာလဲ''
လင်းညို့ရဲ့ရင်ဘတ်ကိုတစ်ဘုန်းဘုန်းနဲ့ထုရိုက်နေလိုက်သည်။
''အာ...တော်ပါတော့ ဒါလေးစတာကိုတွန့်တိုနေလိုက်တာများ''
''အင်း တွန့်တိုတယ်...နွေဦးကစိတ်ပုတ်တယ်လေ သွား... လာမခေါ်နဲ့''
''အယ်...ခလေးလို့ပြောပြန်လည်းမကြိုက်ဘူး....ခုလဲစိတ်ကောက်ပြန်ပြီ''
''ဘယ်မှာကောက်လို့လဲ!''
''အခုကောက်နေပြီမလား''
''မကောက်ပါဘူးဆို''
စိတ်တိုပြီဒေါသသံလေးပါလာပြီ...''အယ် အင်းပါ မကောက်ဘူးဟုတ်ပြီလား''
YOU ARE READING
ဖူးစာ၏လှည့်ကွက် (Completed)
Romanceအစ်မဖြစ်သူကိုမိဘတွေမှ အိမ်ထောင်ချပေးကာ၊အစ်မဖြစ်သူကမယူပဲချစ်သူနောက်ခိုးရာလိုက်ပြေးသွားတော့၊ ကျန်ခဲ့တဲ့သူနဲ့ပေးစားမှာကြောက်လို့ အိမ်မှထွက်ပြေးလာခဲ့ရာ...အမှတ်မထင် ကားတစ်စီးနဲ့တိုက်မိပြီး...ထိုသူရဲ့အိမ်တွင်အလုပ်လုပ်ဖို့အကြောင်းဖန်လာခဲ့သည်။