Unicode
1.4 - ကွမ်ရီ : အရေးကြီးကိစ္စတော့မဟုတ်ပါဘူး။ သူက မင်းကိုပိုက်ဆံပေးတယ်မလား။
___________________
"မင်းက ငါ့ကိုရန်တိုက်ပေးနေတာပဲ....မင်းရဲ့ ဒီစိတ်လေးကချစ်ဖို့ကောင်းပါတယ်....ဒါပေမယ့် မင်းကငါ့အတန်းကိုယ်စားလှယ်တစ်ယောက်ဆိုတာကို မေ့ထားလို့မရဘူး"
"ကျွန်တော် အလေးအနက်ပြောနေတာ"
ရှန်ယွီ၏ လေသံမှာသိမ်မွေ့ညင်သာနေပေမယ့် မကျေမနပ်မှုတွေနဲ့ ပြည့်နှက်နေသည်။
"သူက ဆရာ့ကိုဒီလိုပြောပိုင်ခွင့်မရှိဘူး"
ပိုင်ရှုယန်ဟာ ရှန်ယွီရဲ့ခေါင်းလုံးလုံးလေးကို မပွတ်သပ်ပဲမနေနိုင်တော့ချေ။
"ဆရာစိတ်ထဲမထားပါဘူး....ဒီလိုလူအတွက် မင်းရဲ့ခံစားချက်တွေကို အလကားဖြုန်းတီးနေစရာမလိုဘူး...."
ရှန်ယွီက သူ့ဆံပင်တွေရှုပ်ပွလာတာကို သတိထားမိပေမယ့် ၎င်းကိုစိတ်မဆိုးပါချေ။
"ကျွန်တော်သိပါပြီ"
"မင်း ဆရာ့ကိုကာကွယ်ဖို့ ရည်ရွယ်ချက်လေးရှိတာကို ဝမ်းသာပါတယ်....ဒါပေမယ့် သင်ကြားရေးကိစ္စနဲ့ပတ်သပ်ပြီး သေသေချာချာဆွေးနွေးဖို့ လိုသေးတယ်"
"အာ?"
သူ သင်္ချာဘာသာကို အတော်လေးနားလည်ကျွမ်းဝင်နေပြီလို့ တွေးထားမိပေမယ့် ဘာကပြဿနာရှိနေလို့လဲ။
"နွေရာသီအားလပ်ရက်ဆိုပေမယ့် ပိတ်ရက်တိုင်း မင်းငါ့အိမ်ကိုလာရမယ်.....ဘာသာရပ်တိုင်းအတွက် လေ့ကျင့်ခန်းစာအုပ်တွေ ယူလာဖို့မမေ့နဲ့....ဆရာမင်းကို ကောင်းကောင်းဂိုက်ပြပေးမယ်"
ပိုင်ရှုယန်ဟာ ရှန်ယွီကိုပြုံးပြလိုက်မိသည်။
"ဟုတ်ကဲ့....ကျွန်တော်ကြိုးစားပါ့မယ်"
ရှန်ယွီက စိတ်လှုပ်ရှားမှုအပြည့်ဖြင့်ပြန်ဖြေ၏။
ထို့နောက် ပိုင်ရှုယန်ဟာ ယွမ်နှစ်ဆယ်ကိုထုတ်ယူလိုက်ပြီး "အရင်စည်းကမ်းအတိုင်းပဲ"ဟုပြောလာသည်။
ရှန်ယွီ : ပိုက်ဆံလှမ်းယူတဲ့လက်က နည်းနည်းတုန်ချင်လာသလိုပဲ။
YOU ARE READING
သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation]
RomantikAssociated Name: 据说老师是个高危职业[快穿] (2019) Author: 越浪 ( Yue Lang ) Chapter: 102 End (6 Arcs + extra) __________________ ________ အောင်မြင်နေတဲ့ အမျိုးသားဇာတ်လိုက်တွေရဲ့နောက်ကွယ်မှာ အမည်မသိဆရာတစ်ယောက်ရှိတယ်။ ပိုင်ရှုယန်ဟာ အတွေ့အကြုံရင့်ကျက်တဲ့ ဆရာတစ်ယောက...