Unicode
ယခုအချိန် ဆေးတက္ကသိုလ်၏ တာဝန်မှာ ကျောက်တုံးများကြားထဲ၌ မှိုအမျိုးအစားပေါင်းများစွာစုဆောင်းရန်ဖြစ်သည်။ ၎င်းကအန္တရာယ်မရှိသောကြောင့် ကျောင်းသည် ၎င်းတို့ကိုကာကွယ်ဖို့အတွက် Alphaအဖွဲ့အား မစီစဉ်ပေးခဲ့ပေ။
ပိုင်ရှုယန်က ပစ္စည်းတွေကို ဘယ်လိုစုဆောင်းရမှန်း မသိပါချေ။ အေရီရယ်သည် ကျောင်းသားအဖွဲ့ကိုညွှန်ကြားချက်များပေးရင်း အလုပ်များနေပြီး သူကိုယ်တိုင်တော့ ကျောင်းတုံးတစ်ခုပေါ်တတ်၍ ဧရိယာပတ်ပတ်လည်ကိုခြုံငုံကြည့်ကာ Omegaအဖွဲ့၏ အခြေအနေကို အာရုံစိုက်နေခဲ့သည်။
ကောင်းကင်က ပိုမှောင်လာတာနဲ့အမျှ နဂိုနွေးထွေးသည့်လေထုမှာ အေးစက်လာခဲ့သည်။
ပိုင်ရှုယန်ဟာ ဆက်သွယ်ရေးစက်ကနေတစ်ဆင့် နည်းပြချုပ်ထံမှ ညွှန်ကြားချက်ကို လက်ခံရရှိခဲ့သည်။ ယနေ့ညတွင် ဧရာမကျောက်တုံးဂြိုလ်ပေါ်၌ မိုးရွာမည်။ အတန်းအားလုံးသည် အကဲဖြတ်ခြင်းများကို ချက်ချင်းရပ်တန့်လိုက်ပြီး မူလနေရာသို့ပြန်သွားဖို့ပြင်ဆင်ကြသည်။
ပိုင်ရှုယန်ဟာ ကျောင်းသားတွေကိုပြန်ခေါ်ပြီး စခန်းသို့ပြန်သွားခဲ့သည်။ ခရီးတစ်ဝက်လောက်တွင် သူတို့အားလုံး မိုင်းတွင်းဘက်ကလာကြတဲ့ တစ်ခြားအတန်းပေါင်းများစွာနဲ့ ဆုံဖြစ်ခဲ့ကြသည်။ ၎င်းတို့ရဲ့တာဝန်မှာ ကျောက်ပိုးကောင်များကို ရှင်းပစ်ဖို့ဖြစ်သည်။
အလွန်အကျွံ တူးဖော်ထုတ်ယူသုံးဆွဲမှုကြောင့် တူးဖော်သည့်နေရာများတွင် တွင်းကြီးတွေကျန်ရစ်ခဲ့ပြီး တစ်ချို့နေရာများဆို ဒီအတိုင်း သဲကန္တာရအဖြစ်ပြောင်းလဲသွားခဲ့ကြသည်။ ဤသို့ဖြင့် ထိုသို့သောနေရာမျိုးတွင် သတ္တုရိုင်းများ၌ကျက်စားတတ်သော ပိုးကောင်တစ်မျိုးပေါ်ပေါက်လာခဲ့သည်။ ကျောက်တုံးကြီးများမှာ ၎င်းတို့၏ဖျက်ဆီးနိုင်စွမ်းကို ခုခံတားဆီးနိုင်စွမ်းမရှိသဖြင့် စွန့်ပစ်ထားသောသတ္တုတွင်းကိုဗဟိုပြု၍ သဲကန္တာရဧရိယာသည် တဖြည်းဖြည်းအပြင်ထိတိုင် ပျံ့နှံ့သွားပြီး ဘူမိဗေဒဆိုင်ရာ အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့သည်။
YOU ARE READING
သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation]
RomanceAssociated Name: 据说老师是个高危职业[快穿] (2019) Author: 越浪 ( Yue Lang ) Chapter: 102 End (6 Arcs + extra) __________________ ________ အောင်မြင်နေတဲ့ အမျိုးသားဇာတ်လိုက်တွေရဲ့နောက်ကွယ်မှာ အမည်မသိဆရာတစ်ယောက်ရှိတယ်။ ပိုင်ရှုယန်ဟာ အတွေ့အကြုံရင့်ကျက်တဲ့ ဆရာတစ်ယောက...