(2.12)

283 48 0
                                    

Unicode

2.12 - နှစ်သိမ့်စကားတစ်ခွန်းတောင်မပြောပဲ သုံးပြီးတာနဲ့စွန့်ပစ်ခံလိုက်ရတယ်။

_______________

ပိုင်ရှုယန် : ဖုန့်ရီက အရေထူမှန်း သူသိပါတယ်။ ဒါပေမယ့် သူ့ကိုဒီလောက်ထိ အရေထူလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့မိဘူး။

ပိုင်ရှုယန်၏ လ​က်ရှိလက္ခဏာရပ်တွေမှာ အဖျားကြီးဖျားနေသလိုပင်။ သူ့ခြေလက်တွေက နာကျင်ကိုက်ခဲနေပြီး နွမ်းနယ်ကာ တစ်ကိုယ်လုံးအရမ်းပူနေသည်။ ဒါပေမယ့် သူ့ခြေထောက်၊ လက်ထောက်တွေကတော့ အေးစက်နေပြီး နွေးနွေးထွေးထွေးရှိစေဖို့ သူ့လက်တွေကိုဗိုက်ပေါ်တင်ကာ ခြေထောက်တွေကို ကွေးထားလိုက်သည်။

ဖုန့်ရီက သူ့နောက်ကျောဘက်ကနေ ပိုးကောင်တစ်ကောင်ကဲ့သို့ ထိုးဖောက်ဝင်ရောက်လာပြီး စောင်ထဲတိုးဝင်လာခဲ့သည်။ အပူဓာတ်က သူ့တစ်ကိုယ်လုံးလွှမ်းခြုံသွားတာကြောင့် သက်ပြင်းချလိုက်မိသည်။

"အရမ်းပူတယ်"

ပိုင်ရှုယန်ဟာ ဖုန့်ရီကိုခေါင်းလှည့်ကြည့်ရင်း နောက်ပြန်ကန်ထုတ်လိုက်သည်။

"ထွက်သွား!...ဒါမှမဟုတ်ရင် မင်းကိုမီးရှို့သတ်ပစ်မယ်"

မထင်မှတ်ထားစွာဖြင့် ဖုန့်ရီက သူ့ခြေကျင်းဝတ်ကို လှမ်းဆုပ်ကိုင်လိုက်သည်။

"ခင်ဗျားခြေထောက်က ဘာလို့အရမ်းအေးနေတာလဲ"

သူက နွေးထွေးသွားအောင် ပွတ်သပ်ပေးသည်။ သူ့လက်ထဲက အသားအရေမှာ အေးစက်နေတဲ့ကျောက်စိမ်းတုံးတစ်တုံး ကိုင်ထားရသလိုမျိုး နူးညံ့ချောမွေ့လှသည်။

ပိုင်ရှုယန်က သူ့ခြေထောက်တွေကိုလွှဲယမ်းလိုက်ပြီး အဆင်မပြေတဲ့အမူအရာဖြင့် လှည့်ကြည့်သည်။

"လွှတ်"

ဒီစကားပြောပြီးသည်နှင့် သူ့ခမျာ အရှိန်အဝါသိပ်မရှိသည့် မိန်းမကောင်းလေးတစ်ဦးဆီက အနိုင်ကျင့်ခံနေရသလိုမျိုး ခံစားလိုက်ရ၏။ 'ဒီဂျာဗူ' (ဒီလိုအဖြစ်အပျက်မျိုး ကြုံဖူးသည့်ခံစားချက်မျိုး) ။ ဖုန့်ရီ၏ ရယ်မောသံကိုကြားလိုက်ရသောအခါတွင် ပိုင်ရှုယန်မှာဒေါသထပ်ထွက်လာပြီး သူ့ကိုထပ်ကပ်ချင်လာသည်။

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now