(1.6)

877 145 6
                                    

Unicode

1.6 - မင်းမရိုက်နိုင်တဲ့လူတွေအပေါ် မင်းရဲ့ဒေါသကို ဆရာကိုယ်တိုင်ဖြေဖျောက်ပေးမယ်။

__________________

အချိန်တွေကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ကုန်ဖို့ နီးကပ်လာခဲ့သည်။

လွန်ခဲ့တဲ့ခြောက်လလောက်တည်းက ပိုင်ရှုယန်ဟာ ရှန်ယွီအတွက် အာဟာရဖြည့်တင်းနိုင်ဖို့ရန် ရေခဲသေတ္တာကို အချိန်ပြည့် အပြည့်ဖြည့်ထားခဲ့၏။

ရှန်ယွီရဲ့ အလွန်ကောင်းမွန်သော ဟင်းချက်လက်ရာကြောင့် သူ့ရဲ့ကိုယ်အလေးချိန်ကလည်း များစွာတတ်၍လာသည်။

စနစ်က သူ့ကိုပြောလာသည်။

"ဆက်မစားနဲ့တော့....အခု အချိန်ကိုကြည့်အုံး....ရှန်ယွီရဲ့ ဦးလေးကဆုံးသွားပြီ....ကျွမ့်မိသားစုက ရှန်ယွီကိုပြန်ခေါ်ဖို့ မကြာခင်ရောက်လာတော့မယ်"

ပိုင်ရှုယန်ကပြန်ဖြေသည်။

"ငါသိပါတယ်....ငါ့အတွက်ကတော့ အဆင်ပြေတယ်....အခုရှန်ယွီက အရပ်ရှည်တယ်၊ ချောမောကြည့်ကောင်းတယ်၊ ပိုပြီးရွှင်လန်းတတ်ကြွလာတယ်၊ သူ့အဆင့်တွေကလည်း အကောင်းဆုံးအခြေအနေမှာလို့ ငါပြောနိုင်တယ်.....ကျွမ့်မိသားစုကိုပြန်ရောက်တာနဲ့ ဂုဏ်သိက္ခာရှိတဲ့ကျောင်းမျိုးမှာ စိတ်အေးအေးထားပြီး ပညာသင်နိုင်လိမ့်မယ်"

"ဒီလိုတွေးကြည့်တော့လည်း အကုန်လုံးကပြီးပြည့်စုံနေပြီလို့ ခံစားရတယ်....ဒါပေမယ့် သူ့ကိုကျွမ့်အိမ်တော် ပြန်ပို့ဖြစ်ရင် ငါသည်းမခံနိုင်လောက်ဘူး"

နောက်ဆုံးတော့ ဇာတ်လိုက်ရဲ့ဟင်းချက်လက်ရာက သောက်ရမ်းအရသာရှိလွန်းနေတယ်လေ။

စနစ် : "ခွဲခြမ်းစိတ်ဖြာမှုအရဆိုရင် ကျွမ့်အိမ်တော်ကိုပြန်ရောက်တာနဲ့ စိတ်အေးချမ်းသာစွာ စာဆက်လေ့လာနိုင်ဖို့ အခွင့်အရေးက 35%ထက်မပိုဘူး"

"အဲ့လောက်ခက်တာလား"

ပိုင်ရှုယန်ဟာ လေးလေးနက်နက်မျက်မှောင်ကြုပ်ရင်း အချိန်အတော်ကြာအတွေးရောက်သွားသည်။

hostဖြစ်သူက တတ်ကြွတဲ့စိတ်နေသဘောထားမရှိပေမယ့် တာဝန်သိစိတ်ကရှိနေတုန်းပဲဟု စနစ်က ပျော်ရွှင်စွာတွေးလိုက်မိသည်။

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now