(1.14)

679 108 3
                                    

Unicode

1.14 - ခင်ဗျားဘယ်သွားသွား ကျွန်တော်ခင်ဗျားကိုတွေ့အောင်ရှာမယ်။

__________________

ပိုင်ရှုယန်က ဇာတ်လိုက်ကိုအောင်မြင်မှုလမ်းဆီ ဖြည်းညင်းစွာလမ်းညွှန်ရခြင်းက အလွန်ပျော်စရာကောင်းသည်ဟု အမြဲယုံကြည်ခဲ့လေသည်။

သူတွေ့ဆုံခဲ့တဲ့ ကျောင်းသားတွေမှာ လိုက်ဖက်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်မျိုးဆီရှိကြပြီး သူတို့က ဆရာဖြစ်သူကိုလေးစားရင်ပိုတောင်ကောင်းပါသေးသည်။

ရှန်ယွီက ထိုအမျိုးအစားထဲပါဝင်တဲ့ ကျောင်းသားကောင်းတစ်ဦးဆိုတာ ပြောစရာကိုမလိုတော့ပေ။ missionက လမ်းကြောင်းမှန်ပေါ် ရောက်နေတာဆိုတော့ ပိုင်ရှုယန်အနေနဲ့ သိပ်စိတ်ပူစရာတော့ မရှိချေ။ ဒါ့အပြင် ဘဝကိုပိုပြီး သက်တောင့်သက်သာနေခွင့်ရဖို့ ပိုပြီးစိတ်အားထက်သန်လာ၏။ ရှန်ယွီက သူ့ကိုနေ့တိုင်း အရသာရှိတဲ့အစားအသောက်တွေကို ကိုယ်တိုင်ကိုယ်ကျချက်ကျွေးတတ်သည်။

ယခုချိန်တွင် ပိုင်ရှုယန်၏အခြေအနေကို တိကျစွာဖော်ပြနိုင်ရန် စကားတစ်ခွန်းတည်းသာလိုအပ်လေသည် : စိတ်ချမ်းသာလွန်းလို့ သောက်ကျိုးနဲအောင် ဝလာတယ်။

စနစ်က သူ့ရဲ့ကျောင်းသားဘဝကို ဝင်စွက်ဖက်ခြင်းမရှိပါချေ။ ပုံမှန်အားဖြင့် သူက သူ့ဘာသာသူဂိမ်းကစားရင်း အချိန်ဖြုန်းနေတတ်၏။ စနစ်ကို ဘယ်လိုအရင်းအမြစ်တွေနဲ့ဖန်တီးထားမှန်းမသိပါချေ။ ရံဖန်ရံခါတွင် ဂိမ်းထဲ၌ သူ့အရည်အချင်းကြောင့် အလွန်အဓိပ္ပါယ်ရှိရှိ ရယ်မောခြင်းခံရပေလိမ့်မည်။

ပိုင်ရှုယန်က နားမလည်နိုင်အောင် စနစ်ကိုရယ်မောရင်း ပြောလိုက်မိသည်။

"မင်းရဲ့ အရည်အချင်းက ငါ့ရဲ့စိတ်ဝိဥာဥ်ကို ညစ်ညမ်းစေသလိုတောင် ခံစားနေရပြီ"

စနစ် : "စနစ်မှာ မိမိကိုယ်ကို သန့်စင်တဲ့လုပ်ဆောင်ချက်တစ်ခုရှိတာကြောင့် အမြဲတမ်းအသန့်ရှင်းဆုံးအခြေအနေတွင် ရှိနေပါတယ်....ငါ မင်းအတွက် ဒဿနိကဗေဒဗဟုသုတတစ်ချို့ကို ပေါင်းထည့်ပေးရအုံးမလား"

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now