(1.13)

714 105 6
                                    

Unicode

1.13 - ဆရာ့မှာ ဘယ်လိုရည်းစားမျိုး ရှိနေမလဲဆိုတာ သိချင်တယ်။

________________

ပိုင်ရှုယန်သည် ကျွမ့်မိသားစုမှ ထွက်ခွာပြီးနောက် Bတက္ကသိုလ်အနီးရှိ အိမ်တစ်လုံးကို ငှားယမ်းပြီး ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနေစဥ်အတောအတွင်း ရှန်ယွီရဲ့ အခြေအနေကိုလည်း စောင့်ကြည့်နေခဲ့သည်။ ထိုအဖြစ်အပျက်အပြီးတွင် သူရှန်ယွီကို ဘယ်သောအခါမှ မဆက်သွယ်ခဲ့ပါပဲ Bတက္ကသိုလ်က ဘွဲ့လွန်စာမေးပွဲအကြောင်းပင် ပြောပြခဲ့ခြင်းမရှိခဲ့ချေ။

နောက်ဆုံးတွင် သူ့အနေနဲ့ နှစ်ပေါင်းများစွာပင်ပင်ပန်းပန်းအလုပ်ကြိုးစားလာခဲ့ပြီးမှ ရုတ်တရတ်ဆိုသလို ကိုယ့်ကျောင်းသားတစ်ယောက်နဲ့ ထိုသို့သောဆက်ဆံရေးမျိုးရှိလာခဲ့သည်က သူ့ကိုမလုံမခြုံခံစားရစေသည်။ သူ ခဏတာစိတ်ဆိုးနေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ထိုအကြောင်းမေ့သွားစေရန် အချိန်တစ်ခုလောက် စောင့်နေချင်လေသည်။

ဒါပေမယ့် တကယ်တော့ ရှန်ယွီက ထိုအရာကို မမေ့နိုင်ရုံသာမကပဲ အဲ့ဒါကိုသာ ထပ်ခါထပ်ခါ အိပ်မက်ပင်မက်နေခဲ့ပါသည်။
သူ့အိပ်မက်ထဲတွင် သူအချိန်အတော်ကြာ အိပ်မက်မက်ခဲ့ရသောမြင်ကွင်းတွေဖြင့်သာ ပြည့်နှက်နေပြီး အသေးစိတ်အချက်အလက်တွေကအစ ရှင်းရှင်းလင်းလင်းမြင်နေရသည်။

သူ့အောက်တွင် ပိုင်ရှုယန်၏မျက်လုံးတွေမှာ နီမြန်းနေခဲ့ပြီး သူ့မျက်လုံးတွင်း၌ လေးနက်သည့်အရိပ်အယောင်တွေထင်ဟပ်နေကာ မြူခိုးအလွှာတစ်ထပ်ဖုံးအုပ်နေလျက် ထိုအရာကိုသာ တစ်ဝဲလည်လည်ဖြင့်စိုက်ကြည့်နေမိလေသည်။

အိပ်မက်က နိုးထလာပြီးနောက်တွင် ပိုင်ရှုယန်ကိုရှာဖို့ အစပျိုးရန် သူမဝံမရဲဖြစ်နေခဲ့၏။ မူလက သူကောလိပ်တတ်ပြီးနောက်တွင် ပိုင်ရှုယန်ကို တဖြည်းဖြည်းချင်း သူ့ခံစားချက်အကြောင့်ဖော်ပြကာ ဖားကိုလိုက်လျောညီထွေဖြစ်လာစေရန် ရေနွေးနွေးဖြင့်ပြုတ်ဖို့ စီစဥ်ခဲ့ပါသော်လည်း အခုအခါတွင် ပိုင်ရှုယန်၏ ရှောင်ဖယ်မှုကို ကြောက်ရွံ့နေလေသည်။

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now