(2.8)

353 58 1
                                    

Unicode

2.8 - မင်းရဲ့ အသင်းဖော်တွေကိုလျစ်လျူရှု့တယ်။

________________

ပိုင်ရှုယန်ရဲ့ pheromoneတွေက Alphaတစ်ယောက်ရဲ့စွမ်းအင်တွေနဲ့ ပြည့်နှက်နေပြီး ဖုန့်ရီအနေနဲ့ သူက Omegaတစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ သိပါသည်။ အမှန်တော့ inhibitorsများသည် Omegaတွေကို Betaတစ်ဦးအသွင် ပြောင်းလဲနေထိုင်နိုင်အောင် ပြုလုပ်ပေးနိုင်သော်လည်း လူများကို Alphaတစ်ယောက်ကဲ့သို့ pheromonesတွေ ထုတ်လွှင့်နိုင်သည်ဟုတော့ တစ်ခါမှမကြားဖူးပါချေ။

ဒါပေမယ့် ပိုင်ရှုယန်ရဲ့ pheromone တွေက ဘယ်လောက်အတိုင်းအတာထိ သင်းပျံ့မွှေးကြိုင်ပြီး သူ့ကိုအမြဲတမ်းလိုလို ခံနိုင်ရည်မရှိအောင် ပြုစားနိုင်သည်ဟု မတွေးပဲမနေနိုင်ခဲ့ပါချေ။ ၎င်းက တစ်ခြားAlphaတွေနဲ့ ကွာခြား၏။

ထိုအတွေးပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့စိတ်ထဲ တစ်စိမ့်စိမ့်ခံစားရင်း ငြိမ်ကျသွားသည်။ အနည်းငယ်သိမ့်မွေ့ပြီး ဖော်မပြနိုက်လောက်အောင် စိတ်လှုပ်ရှားနေသော ဖုန့်ရီ၏နှလုံးသားထဲတွင် ဖော်မပြနိုင်သည့် ခံစားချက်တစ်ခု ပေါက်ဖွားလာခဲ့လေသည်။

သူသည် မီးပုံရှေ့က ပိုင်ရှုယန်ကို လှမ်းကြည့်လိုက်သည်။ ပိုင်ရှုယန်ဟာ မီးပုံနှင့် နီးကပ်စွာ ထိုင်နေခဲ့ပြီး နီရဲနေသော လက်ချောင်းသွယ်သွယ်လေးတွေကို ကြည့်ကာ မီးပေါ်တွင် လက်များကိုဆန့်တန်းထားခဲ့သည်။ ကခုန်နေသောမီးတောက်များမှာ သူ့မျက်ဝန်းအတွင်းရောင်ပြန်ဟပ်နေသဖြင့် ထိုလှပသောပုံသဏ္ဍာန်ရှိသည့် မက်မွန်မွင့်မျက်လုံးများသည် စွဲမက်ဖွယ်ကောင်းလောက်အောင် တောက်ပနေခဲ့သော်လည်း နွေးထွေးနူးညံ့ပုံလည်းပေါ်နေ၏။

"အစ်ကိုဖုန်း....အစ်ကိုဖုန်း!"

သူ့ဘေးက တစ်ယောက်မှာ နှစ်ခါတိတိအော်ခေါ်လာခဲ့သည်။

ဖုန့်ရီက အသိစိတ်ပြန်ဝင်လာ၏။

"ဘာဖြစ်လို့လဲ"

တစ်ဖက်လူက ခပ်ညစ်ညစ်ပြုံးလိုက်သည်။

"ငါတို့ Omegaတွေနဲ့ ပတ်သတ်တဲ့အကြောင်းပြေ​နေကြတာ....မင်းဘာတွေကြည့်နေတာလဲ....ငါတို့ပြောတာ ဒီလောက်ကြာပြီကို မင်းဘာမှမကြားလိုက်ဘူးလား"

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now