(2.4)

437 61 1
                                    

Unicode

2.4 - နောက်ဆုံးတော့ မင်းဇာတ်လိုက်ကိုသတိရသွားပေမယ့် ဟိုကအသတ်ခံလိုက်ရတာကြာပြီ။

___________________

အသွင်တူ mechaတိုက်ခိုက်ရေးဂိမ်းကြီးသည် ကြီးမားသည့်ဆုများနှင့်အတူ နှစ်စဥ် ဆုရအဖွင့်ပြိုင်ပွဲတွေကို စီစဥ်ပေးလေ့ရှိသည်။ ကစားသမားများအပြင် ထင်ရှားကျော်ကြားသူများ ပါဝင်ယှဥ်ပြိုင်လာတာမျိုးလည်းရှိသည်။ ဤပွဲက လူတိုင်းပါဝင်ကစားရမည့် ကြီးကျယ်ခမ်းနားသောပွဲစဥ်ကြီးတစ်ခုဖြစ်ပြီး အင်ပါယာတစ်ခုလုံး၏အာရုံစိုက်ခြင်းကို ခံရသည်။ မရေမတွက်နိုင်သောလူများက ပွဲစဥ်များကိုကြည့်ရှု့၍ အလောင်းအစားပြုလုပ်ကြပေလိမ့်မည်။ ကောင်းမွန်စွာ စွမ်းဆောင်နိုင်သူများက နာမည်ကြီးလာမှာ သေချာသည်။

လော့မင်းခိုင်သည် ပထမစစ်တက္ကသိုလ်၏ mecha တိုက်ခိုက်ရေးဌာနတွင် ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်သည်။ သူက နှစ်စဥ်နှစ်တိုင်း ဖွင့်ပွဲအခမ်းအနား၌ ပါဝင်ယှဥ်ပြိုင်လေ့ရှိ၏။ သူက လူသိများတဲ့မျိုးရိုးကနေ ဆင်းသက်လာသူတစ်ဦးလည်း ဖြစ်ပေသည်။ သူ့တွင် ချောမောတဲ့မျက်နှာနဲ့အတူ ဆွဲဆောင်မှုရှိတာကြောင့် ပရိတ်သတ်တော်တော်များများကိုဆွဲဆောင်ထားနိုင်ခဲ့သည်။

"တွေ့ရတာဝမ်းသာပါတယ် ငါ့fanလေးတွေ...."

လော့မင်းခိုင်က သူ့ရှေ့က တိုက်ရိုက်ထုတ်လွှင့်နေတဲ့ဘောလုံးကိုက နှုတ်ဆက်လိုက်သည်။

"ဒီနေ့က ဖွင့်ပွဲအခမ်းအနားရဲ့ ပထမဆုံးနေ့ပဲ....ဆယ်မိနစ်အတွင်း ပထမပွဲအတွက်လူစာရင်းကို ပြန်လည်စီစစ်တော့မှာ....ငါ တကယ့်ကိုစိတ်လှုပ်ရှားနေတယ်.....ပွဲအစမှာတင် ကောင်းကောင်းလုပ်နိုင်မယ်လို့လည်း မျှော်လင့်မိတယ်....အောင်အောင်မြင်မြင်နဲ့ လူသစ်တွေလည်း လိုက်ရောညီထွေဖြစ်လာနိုင်ပါလိမ့်မယ်"

တုံ့ပြန်စကားတွေက သူ့ရှေ့တွင်ထွက်ပေါ်လာခဲ့သည်။

[လူချောလေးခိုင်ဆိုတာကြီးက ရည်မှန်းချက်မရှိဘူးလို့ခံစားရတယ်....သူ့နာမည်ကို စန်းခိုင်လို့ ပြောင်းသင့်နေပြီ]

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now