Unicode
2.1 - တကယ်တော့ တစ်ချို့လူတွေက ဘာမှမလုပ်ထားရင်တောင် ရိုက်နှက်ခံရဖို့ထိုက်တန်တဲ့ပုံပေါ်နေတတ်တယ်။
_________________
အခန်းထဲဝင်လာတဲ့အမျိုးသားဟာ ဖြောင့်စင်းသောစစ်ဝတ်စုံကိုဝတ်ဆင်ထားပြီး အရပ်ရှည်သည်။ သူက နှုတ်ခမ်းထောင့်တွေကိုပင့်မြှောက်၍ လှောင်ပြောင်လာ၏။
"ငါက ဆေးခန်းမှာတစ်ယောက်တည်းပုန်းနေတယ် ထင်ထားတာ....ဘာကိစ္စမလို့လဲ....မင်း တိတ်တိတ်လေး အဲ့ဒါကိုစစ်ဆေးဖို့ကြိုးစားနေတာလား"
ထိုသူက နောင်တရနေဟန် ဟန်ဆောင်၍ ခေါင်းကိုခါယမ်းလိုက်သေးသည်။
"မင်းရဲ့ လက်တွဲဖော်ကို အမှတ်အသားပြုဖို့ pheromone မသုံးနိုင်တာ နှမြောစရာပဲ....မင်းရဲ့ အဲ့ဒါကလုပ်လို့ရနေရင်တောင် သိပ်အသုံးဝင်တော့မှာမဟုတ်ဘူး...."
ကုတ်အဖြူဝတ်ထားသည့် အမျိုးသမီးဆရာဝန်တစ်ဦးဟာ ရောက်ရောက်ချင်း ထိုသူ၏ပြောစကားကို ကြားသွားသောအခါတွင် ဒေါသတကြီးမျက်လုံးတွေပြူးကျယ်သွား၏။
"ယန်လင်....ရှင်ဘာတွေလျှောက်ပြောနေတာလဲ....နည်းပြဆရာပိုင်မှာ pheromone ရောဂါရှိနေတာမှန်ပေမယ့် အဲ့ကိစ္စမှာမစွမ်းဆောင်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး...."
ပြောနေရင်းဖြင့် သူမကရှက်ရွံ့လာသည်။ ပြီးတော့ ပိုင်ရှုယန်ကိုလှမ်းကြည့်၏။
"ဒင်..ဒင်...."
ပိုင်ရှုယန်နဲ့အမျိုးသမီးဆရာဝန်၏ ကိုယ်ရေးကိုယ်တာဆက်သွယ်ရေးစက်ထဲတွင် အလှည့်ကျနှစ်ကြိမ်ဆက်တိုက် အသံထွက်လာပြီး မက်ဆေ့ချ်ကိုယ်စီ လက်ခံရရှိခဲ့ကြသည်။
ပိုင်ရှုယန် စာဖွင့်ကြည့်လိုက်သည်။ ၎င်းက စစ်ဘက်ဆိုင်ရာဆေးဌာနမှ ပေးပို့လာသော နောက်ဆုံးအကြိမ်ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုအစီရင်ခံစာဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျောင်းဆရာဝန် အေရီရယ်သည် သူကျောင်းမှာရှိနေစဥ်အတောအတွင်း ပိုင်ရှုယန်ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေအတွက် တာဝန်ရှိကြောင်း အကြောင်းကြားစာ ရလာခဲ့လေသည်။
YOU ARE READING
သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation]
RomanceAssociated Name: 据说老师是个高危职业[快穿] (2019) Author: 越浪 ( Yue Lang ) Chapter: 102 End (6 Arcs + extra) __________________ ________ အောင်မြင်နေတဲ့ အမျိုးသားဇာတ်လိုက်တွေရဲ့နောက်ကွယ်မှာ အမည်မသိဆရာတစ်ယောက်ရှိတယ်။ ပိုင်ရှုယန်ဟာ အတွေ့အကြုံရင့်ကျက်တဲ့ ဆရာတစ်ယောက...