(2.3)

459 65 1
                                    

Unicode

2.3 - အစ်ကိုပိုင်။

___________________

နည်းပြဆရာတွေ၏ အိပ်ဆောင်သည် တိုက်ခန်းတစ်ခန်းနှင့်ဆင်တူသည်။ ၎င်းကသေးငယ်သော်လည်း ဇိမ်ခံပစ္စည်းများနှင့် အိမ်ထိန်းစက်ရုပ်လည်းရှိသည်။

ပိုင်ရှုယန် တံခါးထဲဖြတ်ဝင်လာတာနဲ့ လုံးဝိုင်းတဲ့စက်ရုပ်တစ်ရုပ်က အနားရောက်လာပြီး ချစ်စရာအသံလေးဖြင့်နှုတ်ဆက်လာသည်။

"အိမ်ပြန်လာတာ ကြိုဆိုပါတယ်သခင်....ဒီနေ့ အလုပ်ကြိုးစားခဲ့ပါတယ်"

စက်ရုပ်ရဲ့ ချစ်စဖွယ်အသွင်အပြင်ကိုမြင်လိုက်ရသည့် ပိုင်ရှုယန်ဟာ ၎င်း၏အမွှေးဖွာဖွာခေါင်းလေးကိုပွတ်သပ်ပေးလိုက်မိသည်။

"အဲ့ဒါကို မထိနဲ့ host!"

စနစ်က ရုတ်တရတ်ဆိုသလိုပေါက်ကွဲထွက်လာ၏။

ပိုင်ရှုယန်မှာ လန့်ဖြန့်သွားခဲ့ရှာသည်။

"ဘာမှားလို့လဲ....ပြဿနာတစ်ခုခုရှိနေလို့လား"

စနစ်က ဒေါသတကြီးပြောလာသည်။

"သူ့မှာအမွှေးတွေရှိနေရုံနဲ့ ငါ့လောက်ချစ်ဖို့ကောင်းတယ်လို့ မဆိုလိုဘူး....သူက အိမ်မှုကိစ္စတစ်ခုတည်းလုပ်တတ်တာဆိုတော့ ငါတို့အတွက်လည်း အသုံးမဝင်ဘူးလေ....မင်း ငါ့ကိုကျ တစ်ခါမှထိဖူးတာမဟုတ်ပဲနဲ့ကို...."

ပိုင်ရှုယန်မှာ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။

"စိတ်မပူပါနဲ့....မင်းက ငါ့ရဲ့တစ်ခုတည်းသော AIပါပဲ...."

စနစ်က တိုးတိုးလေးရေရွတ်လိုက်သည်။

"ယောက်ျားတိုင်းက ဝက်တွေချည်းပဲ"

ပိုင်ရှုယန်မှာ စနစ်၏ထပ်ခါတစ်လဲလဲတိုက်တွန်းမှုအောက်တွင် စက်ရုပ်နဲ့ ခပ်ဝေးဝေးနေရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။

သူသာနောက်ကျသွားရင် စနစ်ကမနာလိုဖြစ်လာပေလိမ့်မည်။

ကြယ်တာယာခေတ်တွင် နည်းပညာသည် လျှင်မြန်စွာဖွံ့ဖြိုးလာခဲ့၏။ holographic ဦးထုတ်တစ်လုံးကို optical ဦးနှောက်နှင့်ချိတ်ဆက်ထားခြင်းဖြင့် holographic လောကထဲသို့ ဝင်ရောက်နိုင်သည်။ ၎င်း virtual reality (VR) ကမ္ဘာထဲတွင် လက်တွေ့ကမ္ဘာ၌ လုပ်ဆောင်ရန်ခက်ခဲသည့် အရာများစွာကို လုပ်ဆောင်နိုင်လေသည်။ အထူးသဖြင့် ဖျော်ဖြေရေးနယ်ပယ် StarNet virtual world တွင် အမျိုးမျိုးသော holographic ဂိမ်းတွေမှာ လူအပေါင်းကို မတူညီသောအသစ်အဆန်းများနှင့် စိတ်လှုပ်ရှားမှုများကို တွေ့ကြုံခံစားစေနိုင်သည်။

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now