(2.6)

374 53 1
                                    

Unicode

2.6 - အမှန်တော့ အဲ့ဒီနာမည်တွေသာအော်ခေါ်မနေခဲ့ဘူးဆိုရင် အတော်လေးမိုက်လိမ့်မယ်။

________________

အသင်းလိုက်ပြိုင်ပွဲတွင် လူဆယ်ဦးသာပါဝင်သော်လည်း ပြိုင်ပွဲနောက်ခံမှာ လွန်စွာခမ်းနားလှသည်။

ပိုင်ရှုယန်နဲ့ ဖုန့်ရီတို့နှစ်ယောက်လုံး ပြိုင်ပွဲစင်မြင့်ပေါ်သို့ တတ်သွားသည်။ တောက်ပလင်းထိန်သော အလင်းတန်းတစ်ချို့ထွက်ပေါ်လာခဲ့ပြီး သူတို့ရှေ့တွင် ကြီးမားသောကြယ်တွေဖြင့်ကောင်းကင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြီးမားသော အလင်းတန်းကြီးတစ်ခုသည် သူတို့ခြေထောက်အောက်ကနေ ဖြန့်ကျဲသွားခဲ့ကာ လက်လှမ်းမမှီနိုင်တဲ့ အဝေးတစ်နေရာ၌ ပျောက်ကွယ်သွား၏။

မြင်ကွင်းတစ်ခုလုံးကို ဖန်သားပြင်ကြီးထက်ကနေတစ်ဆင့် အလင်းတန်း၏အဆုံးထိတိုင် ခြုံငုံသုံးသပ်ရရင် သူတို့ရောက်နေတဲ့နေရာက အပြာရောင်ဂြိုလ်တစ်လုံးဖြစ်သည်။ ကင်မရာကိုချဲ့ကြည့်သောအခါတွင် ၎င်းကရေခဲတောင်တွေဖုံးလွှမ်းထားသော ဂြိုလ်ငယ်တစ်လုံးဖြစ်ကြောင်း မြင်တွေ့ရပေလိမ့်မည်။

ပြိုင်ပွဲ၏ အဓိကဆုဖြစ်သော စူပါခရစ်စတယ်ကျောက်ကို နှင်းတောင်တွေ၏တစ်နေရာ၌ သိမ်းဆည်းထားခဲ့ပြီး ပထမဆုံးရောက်လာမည့် ပြိုင်ပွဲဝင်သူကို တိတ်တဆိတ်စောင့်မျှော်နေခဲ့သည်။

လမ်းကြောင်းတစ်လျောက်တွင် အကြီး အသေး ကျောက်စရစ်ခဲတွေ၊ လက်သီးဆုပ်အရွယ်လောက်သေးငယ်ပြီး၊ ပုံမှန်ထက်ကြီးမားတဲ့ ဂြိုလ်အပိုင်းအစများဖြင့် ပြည့်နှက်နေလေသည်။ ၎င်းတို့ထဲမှ တစ်ချို့ဟာ လေထုထဲတွင် ပုံမှန်မဟုတ်အောင် ဝဲပျံနေကြပြီး မြန်နှုန်းမြှင့်တင့်၍ ပျံသန်းနေသော mechasတွေအတွက် ကြီးမားသောအတားအဆီးတွေ ဖြစ်စေခဲ့သည်။

"Woo_____"

သူတို့နားထဲ ခေတ်နောက်ကျနေပြီဖြစ်တဲ့ ဟွန်းသံကြီးတစ်ခု မြည်ဟီးလာခဲ့ပြီး ယခုပြိုင်ပွဲကြီးကို တရားဝင်စတင်လာခဲ့လေသည်။

ပြိုင်ပွဲဝင်အားလုံး တစ်ချိန်တည်းနီးပါး မြန်ဆန်ဆန်စွာ ထွက်ခွာသွားခဲ့ကြကာ ရောင်စုံ mechaများသည် လှုပ်ရှားနေသော ကျောက်တုံးကြီးတွေကြားထဲ၌ ရေထဲမှငါးတွေနှင့် အလားတူသည်။

သင်ကြားခြင်းကအန္တရာယ်များတဲ့အလုပ်တစ်ခုပဲ [Translation] Where stories live. Discover now