13

1.6K 239 22
                                    


Chapter 13

ကောင်းယွီသည် တံခါးဝင်ပေါက်ဘက်ကိုနောက်ကျောပေးထားသည်ဖြစ်ရာ ထိုစကားပြောလိုက်သောအခါတွင် သဘာဝကျကျ သူ့နောက်မှာရပ်နေသော လင်းယန်ရန်ကို မတွေ့ခဲ့ပေ။

သို့သော် တခြားသင်တန်းသားတွေကတော့ မတူ။လှမ်းကြည့်လိုက်သည်တွင် နည်းပြဆရာယန်ရန် နှင့် ဝန်ထမ်းများက တံခါးပေါက်ဝနားတွင် ရပ်နေသည်ကို တွေ့လိုက်ကြရသည်။သူတို့ ခဏလောက်ထိတ်လန့်သွားပြီး ချက်ချင်းဆိုသလို အလန့်တကြားထရပ်ကာ ဦးညွတ်၍နှုတ်ဆက်လိုက်ကြသည်။

"ယန်ရန်လောင်ရှီး ရောက်လာပြီလား"

"ကြိုဆိုပါတယ်"

အခြေအနေက ရုတ်တရက်မို့ လူတိုင်းက သူတို့ရဲ့စိတ်ခံစားချက်တွေကို ရှင်းလင်းဖို့အတွက် အချိန်မရှိခဲ့သလို သူတို့ရဲ့လေသံနဲ့ အမူအရာတွေကလည်း သဘာဝမကျခဲ့ပေ။

ယခင်က အကြောက်အရွံ့မရှိသော ကောင်းယွီ သည် "ယန်ရန်" ဟူသော စကားကိုကြားပြီးနောက် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

လင်းယန်ရန်၏ အကြည့်သည် လူတိုင်း၏မျက်နှာပေါ် ဖြတ်သန်းသွားပြီး သင်တန်းသားများ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့နေသော အမူအရာများကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ သူတို့ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

"လူတိုင်းက ကြိုးကြိုးစားစားလေ့ကျင့်နေခဲ့တာဆိုတော့ လေ့ကျင့်ရတာ အဆင်ပြေရဲ့လား"

သူ့မျက်နှာလေးက ယခင်ကလိုပင် အပြုံးတစ်ခုချိတ်ဆွဲထားပြီး နူးညံ့သိမ်မွေ့နေဆဲဖြစ်ကာ ဘာမှမထူးခြား။လေသံကလည်း ရိုးရှင်းပြီး သူ့စိတ်နေသဘောထားလေးကလည်း အရင်လိုပဲ ကြင်နာနေဆဲပင်။

လင်းယန်ရန်သည် ‌သဘောထားကြီးကြီးဖြင့် လစ်လျူရှုထားသည်ကိုမြင်လျှင် ‌သင်တန်းသားများသည် ထိုအခါမှသာ သက်ပြင်းချနိုင်ခဲ့သည်။

သင်တန်းဆရာက စိတ်သဘောထားသေးသိမ်ပြီး ကောင်းယွီနှင့်ရန်ဖြစ်စကားများခဲ့ကြမည်ဆိုလျှင် ထိုဖြစ်ရပ်ကိုမှတ်တမ်းတင်ခံလိုက်ရနိုင်သည်သာမက ဆက်လက်လေ့ကျင့်ဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ပေ။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now