အပိုင်း ( ၄ )

314 32 18
                                    

>> Unicode <<
~~~~~~~~~~~~

ခရီးပန်းလာတာကြောင့် တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီး နိုးလာတဲ့အခါ စိတ်ထဲကြည်လင်နေ၏။ မျက်စိနှစ်လုံးဖွင့်တာနှင့် သူ့ဘေးမှာ အဝတ်စားလဲနေတဲ့အကို့ကိုတွေ့လိုက်ရသည်။

" နိုးရင်ထတော့၊ မုန့်ဖက်ထုပ်ဝယ်ထားတယ် "

" အကိုဘယ်သွားမလို့လဲ "

" တောင်ပေါ်ကို မုန့်သွားပို့မလို့ "

" ဘာမုန့်လဲ "

မနေခဲ့ချင်၍ စော အမြန်ဆန်ထထိုင်၏။

" ကလေးတွေအတွက်မုန့်လေ၊ တောင်ပေါ်မှာ စာသင်နေတဲ့ကလေးတွေရှိတယ်၊ သူတို့အတွက်သွားပို့ပေးမလို့ "

" ကျွန်တော်လိုက်လို့ရလား "

" လိုက်ချင်လည်းလိုက်ခဲ့ "

စော အချိန်မဆွဲဘဲ ရေအမြန်ပြေးချိုး‌တော့၏။ ဒီနေ့ရဲ့ရာသီဥတုကတော့ မိုးအုံ့ကာ အေးစိမ့်စိမ့်ဖြစ်သည်။ အမြန်အဆန်ရေချိုး၊ အဝတ်စားလဲ၊ ဟူဒီတစ်ထည်ပါကောက်စွပ်ပြီး မပြေးရုံတမယ်ထွက်လာတဲ့သူ့ကို ကိုထူးသာက မုန့်ဖက်ထုပ်လေးကမ်းပေး၏။

" အိပ်လို့ကောင်းလား ညက "

" ကောင်းတယ်အကို တစ်ရေးတောင်မနိုးဘူး "

" ဈာန်ကအတင်းလာပြောနေတာ၊ သူ့ဘေးမှာအိပ်ပြီး မင်းအိပ်ဆော့လို့တဲ့ "

ကိုထူးသာပြောတော့ စော အကို့ကိုလှမ်းကြည့်သည်။

" ပေါက်ကရ‌ကပြောတော့မယ်၊ သွားမယ် စော "

စောလက်ထဲကို ဆိုင်ကယ်ဦးထုပ်ထိုးပေး၏။ ကျန်ကျောင်းအိတ်ဟုခေါ်သော ကြွပ်ကြွပ်အိတ်အကြီးဖြင့် အပြည့်ထည့်ထားသည့်မုန့်အိတ်ကို ရှေ့မှာတင်ပြီး ဆိုင်ကယ်ပေါ်ရောက်သွားတဲ့အကို။ လက်ထဲကမုန့်ဖက်‌ထုပ်ကို စော ဇိမ်နှင့်စားနေချိန်မရ။ ခပ်မြန်မြန်ပဲထိုးသွပ်ဝါးပြီး နောက်ထပ်အိတ်တစ်လုံးမ,တင်လိုက်သည်။ ထို့နောက် ဆိုင်ကယ်အမြှီးဖျားမှာ တက်ခွထိုင်လိုက်၏။ ကိုထူးသာက ဘေးကနေ အရုပ်အိတ်ကို မုန့်အိတ်ပေါ်ထပ်တင်ပေးသည်။

ဆိုင်ကယ်ပေါ်ရောက်မှ ဦးထုပ်အမြန်ဆောင်းနေတဲ့သူ့ကို ဘက်မှန်ကတဆင့်ကြည့်နေတဲ့အကိုနှင့် အကြည့်ချင်းဆုံတော့ စောပြုံးပြလိုက်သည်။

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now