အပိုင်း ( ၁၉ )

314 34 32
                                    

>> Unicode <<
~~~~~~~~~~~~

" တကယ်ဖုန်တောကြီးဖြစ်နေတာပဲကွ "

အခန်းထဲခြေချတာနှင့် အကို့ဆီမှထွက်လာသည့်စကားဖြစ်သည်။ လူမနေတာကြာတဲ့တိုက်ခန်းမှာ အမှန်တကယ်ပင်ဖုန်ထူနေ၏။ အကို့ရဲ့အနောက်ကလိုက်ဝင်လာရင်း မွှန်ထူနေတဲ့ဖုန်နံ့တွေကြောင့် နှာခေါင်းလေးပိတ်ထားလိုက်ရသည်။

" အကို့ပစ္စည်းတွေရော "

" ကိုယ့်အိမ်ကိုပို့ထားတာ၊ ဒီမှာ ကုတင်နဲ့ဗီရိုရယ်.. အလုပ်စားပွဲရယ်ပဲကျန်တယ် "

" အရင်ဆုံး တံမြက်စည်းလှည်းရမယ် "

ပြောပြီး ဂျင်းဘောင်းဘီပြာလေးကို စော ခေါက်တင်နေ၏။ အကိုက သူ့ကိုကြည့်ပြီး ခပ်လွင်လွင်ရယ်ရင်း..

" အဝတ်စားအပိုပါလား၊ ပြီးရင် မင်းလည်းဖုန်လူးတော့မှာ "

" အဝတ်စား ? မပါဘူးလေ၊ မလိုလောက်ဘူးထင်လို့ "

" ရတယ် ကိုယ့်ဟာတွေပါတယ် "

ပြတင်းပေါက်များလိုက်ဖွင့်ရင်း အကိုကပြော၏။ ထိုသို့ဖြင့် ဖုန်တက်နေတဲ့တိုက်ခန်းလေးမှာ နှစ်ယောက်အားဖြင့်သန့်ရှင်းရေးစတင်သည်။

ပရိဘောဂတွေမရှိတော့တဲ့အခန်းငယ်ဟာ အရင်အချိန်တွေကိုပင် သတိရမိစေသည်။ အထူးသဖြင့် ဝရန်တာမှာအတူထိုင်ကာ စကားပြောဖူးတဲ့အချိန်တွေ..။ တကယ်ပင်လွမ်းစရာအတိဖြစ်၏။

ဖုန်ထူတာ ၊ နံရံပေါ်မယ် ပိုးအိမ်တွေတွယ်နေတာကလွဲပြီး အကို့ရဲ့အခန်းမှာ အခြားသောအမှိုက်သရိုက်တော့မရှိချေ။ စောက တံမြက်စည်းလှည်းနေချိန်မှာ အကိုက နံရံပေါ်ကပင့်ကူအိမ်တွေကို ကြက်မွှေးတစ်ချောင်းဖြင့်ဖယ်ရှားနေ၏။ အိမ်အသစ်လေးမှာ နေရာချနေတဲ့စုံတွဲတွေလိုခံစားချက်ကြောင့် စော ပြုံးမိသွားသည်။

" အကို "

သူခေါ်တော့ ချက်ချင်းပဲစောင်းငဲ့ကြည့်လာ၏။

" ကျွန်တော့်ကိုချစ်လား "

" ဟမ် ? "

" ကျွန်တော့်ကိုချစ်လား... "

ထို့နောက် မေးခွန်းတစ်စုံတစ်ရာတုံ့ပြန်မည့်အစား စောရဲ့အမေးကိုသာ အဖြေပြန်ပေးလေသည်။

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now