>> Unicode <<
~~~~~~~~~~~~" စော "
ရုတ်တရပ်မှိုင်ကျသွားတဲ့မျက်နှာလေးကိုကြည့်ပြီး ဈာန်ဘာမှမတွေးနိုင်။ ကောင်လေးအနားကိုရောက်သွားတော့ မွှန်ထူနေသည့်အရက်နံ့ကြောင့် မျက်မှောင်ကုပ်မိသွား၏။
" မင်းသောက်လာတာလား၊ ကလေးတွေဆီသွားတာကို.. "
" အကို "
စောရဲ့မျက်လုံးတွေကမပွင့်တပွင့်။ လူကလည်း ယိုင်ချင်နေတာကြောင့် ဈာန်ဆက်မမေးတော့ဘဲ သက်ပြင်းရှိုက်၏။ ပုခုံးတစ်ဖက်ကိုအသာဆွဲဖက်ချိန်မှာ သူ့လက်ကိုပုတ်ထုတ်လေသည်။
" စော ဘာဖြစ်တာလဲ "
" ပန်လည်းပြန်တော့မယ်နော် အကို "
အနားရောက်လာသည့်ပန်ရတီအား ဈာန်အာရုံမရ။ မှုန်ကုပ်ကုပ်ရုပ်လေးနှင့် ဘုကြည့်ကြည့်နေတဲ့ကောင်လေးဟာ သူ့စိတ်ကိုဖမ်းစားထားသည်။ ထိုအခိုက် ထိုကောင်လေးဟာ သူ့လက်ကိုဆက်ခနဲဖမ်းဆုပ်ကိုင်ရင်း ပန်ရတီဆိုသည့်မိန်းကလေးအားစေ့စေ့ကြည့်ကာ ပြောလိုက်၏။
" အကိုနဲ့.. အရမ်း... အရမ်းမရင်းနှီးပါနဲ့အစ်မ "
ပန်ရတီဟာ မျက်ခုံးလေးအသာပင့်သွားလျက် ဈာန့်ကိုလှမ်းကြည့်သည်။ ပြီးနောက် စောကိုပြန်ကြည့်ပြီး..
" ဘာဖြစ်လို့လဲ၊ ပန်လည်း အကို့ကိုခင်လို့လေစောရဲ့၊ ခုလည်း အဖျားကျရဲ့လားလို့လာကြည့်တာ "
စောက ကောင်မလေးကိုကြည့်ပြီး တစ်ခွန်းမှထပ်မပြောပေ။ ဆီမီးခွက်ရဲ့အလင်းရောင်မှိန်ပျပျနှင့် စောရဲ့ခပ်စွေးစွေးမျက်နှာလေးကိုသာကြည့်ပြီး ဈာန်အနားတိုးသွား၏။ ထို့နောက် ပုခုံးလေးမှဆွဲယူထွေးပိုက်ကာ ရင်ခွင်ထဲသွင်းလိုက်သည်။
" အများကြီးသောက်လာတာလား "
" အကို... "
" အင်း ဘယ်သူတိုက်လိုက်တာလဲ ဟမ်.. ကျော်သစ်လား "
" အကို... ကျွန်တော်တကယ်ဝမ်းနည်းနေပြီ "
ဆိုကာ သူ့ရင်ခွင်ထဲမျက်နှာအပ်ရင်း တိုးဝေ့လာတဲ့ကောင်လေး။ အရက်နံ့စူးစူးကိုထောင်းခနဲရလိုက်သော်လည်း ကိုယ်နွေးနွေးလေးကို ဈာန်ပွေ့ဖက်ထားမိသည်။ ပန်ရတီကလည်း သူတို့ကိုကြည့်ကာ မေးစရာတွေရှိလာတဲ့ပုံနှင့်ရပ်မြဲရပ်နေဆဲ။
YOU ARE READING
နှလုံးသားရဲ့စကားသံ ( Completed )
Romanceဒါလေးက " မောင့်မူပိုင် " ရဲ့ side story ပါ။ ဆိုပေမဲ့ Love triangle မကြိုက်သူတွေက ဒါပဲဖတ်မယ်ဆိုလည်း အဆင်ပြေပါတယ်ရှင့်။