အပိုင်း ( ၁၃ )

305 42 37
                                    

>> Unicode <<
~~~~~~~~~~~~

မိုးစက်တဖြောက်ဖြောက်ကျနေသည့်ညချမ်းဟာ တစိမ့်စိမ့်အေးလျက်ရှိသည်။ တဲထဲမှထွက်လာကြတဲ့ အကို၊ ကိုထူးသာနှင့် ဟိုဘက်တဲကလူတစ်ယောက်ရယ်ဟာ ရယ်ရယ်မောမောစကားပြောနေကြ၏။ ဘာအရေးကိစ္စလဲဆိုတာတော့ စောလည်းမသိရ။ သူတို့သုံးယောက် တဲထဲမှာစကားပြောနေချိန် အကိုက စောကိုကွပ်ပျစ်မှာပဲနေခိုင်းထားသည်။

" ကိုကျော်သစ်ကတော့ ဟိုဘက်မှာဝိုင်းကောင်းနေတယ်၊ ကိုထူးသာတို့လာခဲ့ဦးလေ "

" အေး လိုက်မယ်ကွာ "

ဆိုကာ ကိုထူးသာက ထိုလူနှင့်အတူထွက်သွား၏။

" အရေးတကြီးကိစ္စလားအကို "

စော မေးလိုက်တော့ အကိုကခေါင်းခါရင်း..

" ကိုယ်ရေးကိုယ်တာကိစ္စပါပဲ၊ မင်းကိုယ့်ကိုပြောစရာရှိတယ်ဆို "

" ဟုတ်တယ် အကိုမအားသေးလို့ "

" အခုပြောလို့ရပြီ၊ အေးနေပြီ အထဲဝင်တော့ "

တဲထဲရောက်တော့ အကိုက ရေနွေးကြမ်းသောက်ရင်း ထိုင်နေ၏။ စောက သိမ်းထားတဲ့အပြာရောင်လွင်လွင်အနွေးထည်လေးကို ထုတ်လာသည်။

" အကို့အတွက်.. "

" အင်္ကျီ ? "

" ဟုတ်တယ် အနွေးထည်၊ အကိုလိုအပ်မယ်ထင်လို့ "

အကိုကပြုံးလျက် အနွေးထည်လေးကိုယူပြီး ဖြန့်ကြည့်နေ၏။ ထို့နောက် ချက်ချင်းဆိုသလို ကိုယ်မှာဝတ်ကြည့်နေသည်။ လက်ခံသူကသဘောကျရင် ပေးတဲ့သူမှာလည်းကြည်နူးရတယ်မဟုတ်လား။

" ကျေးဇူး စော.. ကိုယ်သဘောကျတယ် "

အပြာရောင်ကြိုက်တဲ့အကို့အတွက် လက်ဆောင်ပေးဖြစ်တဲ့ အပြာရောင်အနွေးထည်လေး။ Price tag ကို ဖြုတ်ခဲ့တာမှန်သွားတယ်။ မဟုတ်ရင် အကိုကျွန်တော့်ကိုဆူဦးမှာ။

" အကိုကမကောင်းဘူး "

အကိုက ချက်ချင်းပဲလှည့်ကြည့်တယ်။ တစ်ခုခုများလုပ်မိသလားဆိုပြီး အသည်းအသန်ပြန်တွေးနေဟန်ပါပဲ။

" လက်ဆောင်ကိုတော့ သဘောကျတယ်၊ လက်ဆောင်ပေးတဲ့သူကိုတော့ ငြင်းလာတာနှစ်ပေါင်းမနည်းဘူးလေ "

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now