>> Unicode <<
~~~~~~~~~~~~မြူနှင်းများရစ်ဆိုင်းလွှမ်းခြုံထားသည့် မနက်ခင်းတစ်ခုတွင်ဖြစ်သည်။ နေရောင်ခြည်နုနုက ကမ္ဘာမြေပေါ်ကျရောက်လာပါသော်လည်း အအေးဓာတ်ကိုအံတုနိုင်ခြင်းမရှိပေ။
" ကျွန်တော်ဖုန်းဆက်မယ်နော် အာ... လိုင်းမှမမိတာ "
" လိုင်းမိတဲ့နေရာရောက်ရင် ကိုယ်ဆက်လိုက်ပါ့မယ် "
အကို့စကားကြောင့် စောလည်း ကျေနပ်သွားဟန်ဖြင့် ပြုံးရွှင်သွား၏။ လူမစုံသေးတဲ့ကားပေါ်မှာ ကားဒရိုင်ဘာက အထုပ်ပိုးများနေရာချပေးနေကြသလို စပယ်ယာများက ခရီးသည်ခေါ်နေသေးသည်။ ရသလောက်အချိန်လေးမှာ စောလည်း အကို့နားကမခွာချင်သေး။
" ကျွန်တော်ပြန်လာရင် အကိုလာကြိုပေးလို့ရလား "
" အတိကျတော့ ကိုယ်မပြောနိုင်သေးဘူး၊ မင်းသိတဲ့အတိုင်းပဲ၊ လုပ်စရာတွေက ကြိုပြီးစီစဉ်ထားတာမဟုတ်ဘဲ ရုတ်တရက်ပေါ်ပေါ်လာတာလေ "
အသေချာကိုနားလည်တာမို့ စော ခေါင်းလေးတဆတ်ဆတ်ညိတ်ပြီး..
" ကျွန်တော်သိတယ်၊ အကိုအားမှ လာကြိုလေ "
" အေးပါ.. အားရင်တော့ကြိုမှာပေါ့၊ ကားပေါ်တက်တော့ "
" ခဏလောက်နေချင်သေးလို့ "
အကိုက ထပ်မပြောတော့ဘဲ ပြုံးလျက်သာ စောကိုကြည့်နေ၏။ အေးမြသောအရပ်မှာ အကို့ရဲ့အပြုံးတွေဟာ နွေးနွေးထွေးထွေး။ ပြန်ခါနီး ထွေးပွေ့နှုတ်ဆက်ချင်သော်လည်း ရဲတင်းတဲ့စိတ်လေးဟာ အခုများကျတော့ အကို့ရှေ့မယ် မခုတ်တတ်တဲ့ကြောင်ကလေးလိုပင်။
အခုချိန် ထပ်ပြီးဖွင့်ပြောလိုက်ရင် အကိုကျွန်တော့်ကိုငြင်းဦးမလား..။
ကိုယ့်ကိုသာမြဲမြံစွာငေးစိုက်ကြည့်နေတဲ့မျက်ဝန်းများအောက် စောရဲ့ဒွိဟများလည်းပြန့်ကျဲလျက်။ သိစေချင်ရုံပြောပြတာပါဆိုတဲ့စိတ်မျိုးသာထားနိုင်လျှင်တော့ ဒီလောက်ထိစဉ်းစားရမယ်မထင်။
" အကို "
" .... "
" ဒီနေ့လည်း ကျွန်တော်အကို့ကိုချစ်တယ်နော် "
YOU ARE READING
နှလုံးသားရဲ့စကားသံ ( Completed )
Romanceဒါလေးက " မောင့်မူပိုင် " ရဲ့ side story ပါ။ ဆိုပေမဲ့ Love triangle မကြိုက်သူတွေက ဒါပဲဖတ်မယ်ဆိုလည်း အဆင်ပြေပါတယ်ရှင့်။