အပိုင်း ( ၁၅ )

405 39 28
                                    

>> Unicode <<
~~~~~~~~~~~~

" အကိုသက်သာနေပါပြီကွာ၊ အလုပ်ရှုပ်အောင် တကူးတကကြီး.. "

" တကူးတကတော့မဟုတ်ပါဘူး၊ မနိုနိုလည်း ဖျားချင်သလိုဖြစ်နေတယ်တဲ့၊ ခံတွင်းပျက်နေမဲ့အချိန်ဆိုတော့ မြူစွမ်လေးစားရင်အဆင်ပြေမလားလို့လေ "

ပန်ရတီဆိုသည့်ကောင်မလေးကပြောရင်း မြူစွမ်ပန်းကန်မှာဇွန်းတပ်ပြီး အကို့ရှေ့ကိုတိုးပေး၏။ အကိုကတော့ မနက်က သူ့အမေပို့လိုက်တဲ့ဟင်းတွေနှင့်ထမင်းစားပြီးသား။ နဂိုမှအစားနည်းတဲ့အကိုက အားနာပါးနာနှင့်သာ တစ်ဇွန်းစ၊ နှစ်ဇွန်းစ ခပ်ယူနေလေသည်။

ကလေးတွေရဲ့ခံတံလေးတွေကို ဓားနှင့်ချွန်ညှိပေးနေရင်း စော အကို့ကိုလှမ်းလှမ်းကြည့်မိသည်။ တခြားကြောင့်တော့မဟုတ်။ နေမကောင်းတဲ့သူကို စိတ်ကျဉ်းကြပ်စေတဲ့အရိပ်ယောင်များတွေ့ရင် စောကထိုင်ကြည့်မနေနိုင်ပေ။

" စောစော "

" ဟင် ပြော သား.. "

" သား.. သားတို့.. ညကျရင်ကာတွန်းကြည့်ရမှာလား "

စောပြုံးကာ ကလေးငယ်ရဲ့လက်ထဲ ချွန်ပြီးသားခဲတံလေးထည့်ပေးလိုက်ရင်း..

" သားတို့ကကာတွန်းကြည့်ချင်လို့လား "

" ကြည့်ချင်ပါတယ် !! "

တညီတညာတည်းဝိုင်းဖြေသံလေးတွေက စူးခနဲညံသွား၏။ အပေါက်ဝမှာထိုင်နေတဲ့အကိုတောင် စောတို့ကိုလှမ်းကြည့်သည်။

" သားတို့ကြည့်ချင်ရင် ကြည့်ရမှာပေါ့၊ ဦးကျော်သစ်ကို ဦးပြောထားပေးမယ် "

" စောစော.. သမီးဒီညမလာလို့ရလား "

စာရေးနေသည့်ကလေးမကမေးလေသည်။ စော ထိုကလေးမကိုကြည့်ပြီး..

" ဘာဖြစ်လို့လဲ၊ သမီးလုပ်စရာရှိလို့လား "

" သမီးမောင်လေးနေမကောင်းလို့၊ နိုင်းနဲ့ကလေးဝိုင်းထိန်းပေးရမှာ "

ကလေးက ကလေးကိုပြန်ထိန်းမဲ့အဖြစ်ကိုတွေးပြီး ရယ်လည်းရယ်ချင်။ သနားလည်းသနားသည်။ သို့ပေမဲ့ ဒါဟာလည်း စောရဲ့အမြင်သာ။ သူတို့လေးတွေခင်မျာမှာတော့ ကြုံကြိုက်လာတဲ့ဘဝရဲ့သင်ခန်း‌စာတွေကြားမှာ အရွယ်နှင့်မမျှအောင် ရင့်ကျက်နေကြရှာ၏။

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now