အပိုင်း ( ၁၄ )

247 34 24
                                    

>> Unicode <<
~~~~~~~~~~~~

နဖူးပေါ်ရောက်လာသည့် အေးစက်စက်အထိတွေ့လေးကြောင့် ဈာန်လင်းရဝေရဲ့မျက်လွှာတို့ပွင့်လာသည်။ စောဟာ သူ့ကိုငုံ့မိုးကြည့်နေရင်း..

" ‌နွေးနေတုန်းပဲ၊ ကျွန်တော်ကြက်စွပ်ပြုတ်လုပ်ထားပေးတယ်၊ နည်းနည်းထသောက်လိုက်ပါလား "

စောရဲ့လက်ချောင်းများက ဈာန့်နဖူးပေါ်ကဆံပင်တွေကို ဖွဖွ‌ကလေးသပ်တင်ပေး‌နေ၏။ ခေါင်းအုံးပေါ်အိပ်နေရာမှ ဈာန် အနည်းငယ်လှုပ်ရှားကာ စောရဲ့ပေါင်ပေါ်နေရာရွှေ့လိုက်သည်။

" ကိုယ်သက်သာပါတယ် "

ပြောရင်း လက်တွေကစောရဲ့ခါးလေးကိုတိုးဖက် ၊ ကိုယ်သင်းနံ့ပြေပြေကလေးရတဲ့ဟူဒီထဲ မျက်နှာအပ်ကာတိုးဝေ့လိုက်၏။

" ကျော်သစ်တို့ရော "

" ကလေးတွေစာသင်ဖို့သွားတယ်၊ ကိုထူးသာကတော့ အလှူရှင်နဲ့တွေ့ဖို့မြို့ပေါ်တက်ရမယ်တဲ့ "

" ကိုယ်လိုက်သွားရမယ် "

" အကိုနေမကောင်းဘူးလေ "

" အဲ့လောက်လည်းမဟုတ်ပါဘူး၊ ထနိုင်တယ် "

စောက ဘာမှထပ်မပြော။ လက်ချောင်းများက ဈာန့်ရဲ့ဆံပင်တွေကိုထိတွေ့လိုက်၊ ပါးလေးစမ်းလိုက်လုပ်နေသည်။ ထိုလက်ကလေးကို ဈာန်ဆွဲယူကာ နမ်းလိုက်တော့ စော ခပ်ရဲ့ရဲ့ကလေးပြုံး၏။

" စော "

" ဗျာ.. "

ဘာရယ်မဟုတ် ပြန်ထူးတဲ့အသံငြိမ်ငြိမ်လေးကိုသဘောကျ၍ တမင်ခေါ်လိုက်ခြင်းပေ။ စောကတော့ ဘာများပြောမလဲဟုနားစွင့်နေ၏။

" စော "

" ဗျာ... ပြောလေအကို "

" မင်းလုပ်ထားတဲ့စွပ်ပြုတ် သောက်ချင်တယ် "

" သောက်ချင်ရင် အကိုခဏထဦးလေ၊ ကျွန်တော်ထည့်ခဲ့ပေးမယ် "

တမင်ကိုမထဘဲ စောရဲ့ဗိုက်နားမှာမျက်နှာတိုးအပ်ပြီးငြိမ်နေတော့ ကောင်လေးဆီကရယ်သံလေးများထွက်လာသည်။ ပုံမှန်ဆိုလျှင် ဈာန်ကတော်ရုံနှင့်ဖျားတဲ့သူ၊ ချူချာတဲ့သူမျိုးမဟုတ်။ ကျော်သစ်ကတော့ပြောရှာသည်။ " အချစ်ခံရလို့ဖျားတာ၊ အဲ့ဒါအချစ်ဖျားပဲ " တဲ့။

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now