အပိုင်း ( ၁၀ )

285 29 30
                                    

>> Unicode <<
~~~~~~~~~~~~

" ငါပြောထားတဲ့ညီမလေးလေ ဈာန် ၊ နာမည်က ပန်ရတီ ၊ နယ်ဘက်‌ကကျောင်းမှာ ၃ နှစ်လောက် ကျောင်းဆရာမလုပ်ခဲ့တာ "

ထူးသာမိတ်ဆက်ပေးတဲ့ ကောင်မလေးက ဒီမနက်မှရောက်လာတဲ့သူ။

" ဒီနေရာမှာအပြီးနေဖို့ ဆုံးဖြတ်ပြီးပြီဆို ? သတ္တိရှိလှချည်လား "

" အဲ့လိုလည်းမဟုတ်ပါဘူး အကိုရယ်၊ ပြန်ရင်လည်း စောင့်နေမဲ့မေမေမရှိတော့ဘူးဆိုတော့... နေဖို့ပဲဆုံးဖြတ်လိုက်တာ၊ နမ့်ဆန်မှာတော့ အစ်မရှိတယ်၊ တစ်ခါတလေတော့ သူ့ကိုလာတွေ့မယ်ပြောထားတယ် "

" တွေ့လို့ရတာပဲ၊ အဆင်ပြေတာပေါ့ "

နိုနိုတို့လည်းပြန်ရောက်နေပြီဖြစ်၍ ကောင်မလေးအတွက်အဖော်တွေရှိပြီးသား။ ထူးသာနှင့်ချိတ်ဆက်မိပြီး ရောက်လာတာဟုဆိုသည်။ ကြိုဆိုရမှာ ကိုယ့်တာဝန်ပဲမို့ ကောင်မလေးနေရမည့်တဲကို ဈာန်ကိုယ်တိုင်လိုက်ပို့ပေးပြီး နိုနိုတို့နှင့်မိတ်ဆက်ပေးလိုက်၏။ ပိုပြီးအဆင်ပြေတာက ပန်ရတီဟာ ရှမ်းစကားအနည်းငယ်တတ်သလို ကလေးများနှင့်ထိတွေ့ဆက်ဆံဖူးတာကြောင့် များစွာအထောက်ကူဖြစ်လိမ့်မည်။

" ဒီနေ့ အကိုစာသင်ပေးမှာဆို ပန်လိုက်လို့ရမလား "

" အခုမှရောက်တာ မနားတော့ဘူး‌လား "

" ပန်က ကလေးတွေတွေ့ရရင်ကို အမောပြေတယ် "

" ဒါဆိုလည်း လိုက်ကွာ "

နှစ်ယောက်အတူထွက်လာတော့ လမ်းမှာ ကျော်သစ်နှင့်ဆုံ၏။

" ကျွန်တော်ထမင်းပိုချက်ထားလိုက်ရမလား ကိုဈာန် "

" အေး ချက်ရမှာပေါ့၊ ဒီညီမရောက်လာပြီလေ၊ ညီမ သူကကျော်သစ်၊ ခဏခဏတောင်အောက်ဆင်းနေတာ သူပဲရှိတယ်၊ တကယ်လို့ ဈေးမှာချင်တာရှိရင် သူ့ကိုမှာလိုက်လို့ရတယ်‌ "

ကောင်မလေးကို ပြီတီတီအပြုံးနှင့်ကြည့်နေတာကြောင့် ဈာန် ကျော်သစ်ကိုလှမ်းကန်လိုက်ရ၏။ အသစ်ရောက်လာတဲ့လူတွေကို ကျော်သစ်တို့က သိပ်စချင်သည်။

စာသင်ဆောင်တဲကလေးကိုရောက်လာချိန် ဝီရိယကောင်းတဲ့ပေါက်စတွေကတောင် ရောက်နှင့်နေကြပြီ။

နှလုံးသားရဲ့စကားသံ ( Completed ) Where stories live. Discover now