ရွှေရင်အေး
အပိုင်း(၁)
#ရွှေရင်အေး
01171035
"သမီးငယ်...."
မျက်ရည်ပြည့်နေတဲ့ မျက်လုံးဝိုင်းတွေဖြင့် မော့ကြည့်လိုက်တော့ ပါးဖြူဖြူလေးပေါ် မျက်ရည်စီးချောင်းတွေ လှိမ့်ဆင်းကုန်သည်။
နှုတ်ခမ်းမဲ့လျက်သားဖြင့် မျက်တောင်လေးကို ပုတ်ခတ်လိုက်ပြီး သေချာ ကြည့်သည်။
မေမေကြီး က ခေါင်းငုံ့လိုက်ကာ ကေ့ ပါးပေါ်က မျက်ရည်တွေကို လက်ကိုင်ပုဝါဖြင့် တို့သုတ်ပေးနေသည်။
"သမီးမှာ မေမေကြီး ရှိတယ်...ဖေဖေကြီးရှိတယ်...ဒီမိသားစုကြီး တစ်ခုလုံး ရှိတယ်...မှတ်ထားနော်..."
ကေ ခေါင်းညိတ်လိုက်ပေမဲ့လည်း ငိုချင်နေသည်။
ဆယ်နှစ်ပြည့်မွေးနေ့တုန်းက ဒီအိမ်ကြီးမှာ မေမေ ဖေဖေ နဲ့ အတူတူ လာသေးတာကို သတိရပြီး မျက်ရည်က ပိုကျလာသည်။
မိသားစု သုံးယောက်သာ ရှိတဲ့ ကေတို့အိမ်လေးကို သော့ပိတ်ထားလိုက်တာ တွေ့သည်။
မေမေကြီးက သော့ကို သိမ်းပြီး ကေ့ကို လက်ဆွဲကာ ဒီအိမ်ကြီးဆီကို ခေါ်ခဲ့သည်။
ကေ က ဒီအိမ်မှာ ဒီမိသားစုနဲ့ပဲ အမြဲတူတူ နေရတော့မည်တဲ့..။
.
"ဒါ...မိုးမိုး သမီးလေးလား..."
"ဟုတ်တယ်....သားရဲ့...."
"လာပါဦး..မီးမီးရဲ့...."
မေမေကြီး ကို တစ်ချက် ကြည့်လိုက်တော့ မေမေကြီးက ပြုံး၍ လာလေလို့ ခေါ်လို့ ကေ ရှေ့တိုးသွားမိသည်။
"သမီး..ကျောင်းတက်ပြီလား..."
"အွင်း..."
"ကျောင်း မှာ ပျော်ရဲ့လား သမီး..."
"အွင်း..."
"အန်ကယ် မုန့်တွေ ဝယ်ခဲ့တယ်...သမီး က ဘာကြိုက်တက်လဲ...ချောကလက်လား...ကိတ်လား..."
"ချိုကိုပဲ ကြိုက်တယ်..."
"ကဲ...ရော့...."
ကေ ကို လှမ်းပေးတော့ ယူလိုက်ရင်း လက်ပေါ်က အရုပ်တွေကို တွေ့ပြီး မျက်လုံးပြူးသွားသည်။
YOU ARE READING
ရွှေရင်အေး
Random"နောက်ကျောက ဓားမထိုးနဲ့ အရမ်းရွံ့တယ်...အရမ်းမုန်းတယ်...ခင်ဗျားက ရုပ်လေးလှသလောက် စိတ်ဓာတ်က ရွံစရာကောင်းလွန်းတယ်...' "ဘာ..ဘာဖြစ်လို့လဲ..." ကေ နားမလည်သော်လည်း သူ့ဆီက ကြားရတဲ့ စကားလုံးတွေကြောင့် မျက်ရည်က ချက်ချင်းပြည့်အိလာသည်။ လူကြီးတွေ စီစဉ်ပေးတဲ့ အိမ်...