ရွှေရင်အေး
အပိုင်း (၁၁)
#ရွှေရင်အေး
01251146
"နေ့ခင်းကျရင် သွားကြည့်လိုက်ဦး.."
"ဟုတ်ကဲ့ခင်ဗျ..."
"သမီးငယ်လည်း လိုက်သွားပေါ့.."
"ဟုတ်ကဲ့ရှင့်..."
ကေ ခေါင်းညိတ်လိုက်ပြီး သူ့ဆီကို အကြည့်ရောက်သွားတော့ မျက်လွှာချပြီး စားနေသည်။
နှုတ်ခမ်းနီ အရောင်က သဘာဝဆန်ဆန်ပဲ ဆိုပေမဲ့လည်း ဘေးဘက်ကို ပေသွားတော့ သိသာသည်။
"......."
ဖိုုးဖိုးနဲ့ မျက်နှာချင်းဆိုင်ထိုင်နေတော့ သတိထားမိသွားမှာလည်း စိတ်ပူမိသည်။
သူ့ဘက်က အေးစက် တင်းမာ စိမ်းကားသော်လည်းပဲ ကေ့ဘက်ကတော့ သူ့ကို စေတနာ မပြတ်နိုင်ပါဘူး..။
သူ့ဘဝကို နားလည်ပြီး စာနာ သနားတဲ့ စိတ်က ပိုသာနေတော့လည်း ခက်သည်။
ကေ လက်ထဲက ဇွန်းကို ချပြီး တစ်ရှုးတစ်ရွက်ကို ယူလိုက်မိသည်။
"ကျော်..နှုတ်ခမ်းမှာ ပေနေတယ်..."
သူ့မျက်နှာရှေ့ကို လက်ဆန့်တန်းပြီး တစ်ရှုးပေးရင်း ဖိုးဖိုး မြင်မှာစိုးလို့ တစ်ရှုးဖြင့် ကွယ်ထားလိုက်ရသည်။
ကေ့လက်ထဲက တစ်ရှုးကို ဆွဲယူတာ အားပါနေမှန်းလည်း ခံစားမိပါသည်။
ကေ့ကို တစ်ချက် မကြည့်ပဲ မျက်နှာတည်တည်ဖြင့်ပင် နှုတ်ခမ်းကို သုတ်ပြီး ဘေးမှာချထားလိုက်တော့ ဝမ်းနည်းသလို ခံစားလိုက်ရသည်။
မနက်စာ စားရတာ စိတ်မပါသော်လည်းပဲ လူကြီး တစ်ယောက်ရှေ့မှာ ရှိနေတော့ မျက်နှာမပျက်အောင် ထိန်းသိမ်း၍ စားရပါသည်။
ကေ့ကို မုန်းတီးနေတဲ့ လူတစ်ယောက်မှ မရှိဖူးခဲ့တာကြောင့် အနီးကပ်စွာ မုန်းတီးခံနေရတာ စိတ်မကောင်းဖြစ်ရပါသည်.။
ကျော့ သတိပေးခဲ့တာထက် ပိုပြီး ဆိုးဝါးကာ အချစ်မခံရတဲ့ အပြင် မုန်းတီးရွံရှာသလို ဆက်ဆံခံနေရတဲ့အခါ ကေ စိတ်မကောင်းရုံကလွဲလို့ မတက်နိုင်တဲ့ အနေအထား တစ်ခု ဖြစ်နေပြီ..။
YOU ARE READING
ရွှေရင်အေး
Разное"နောက်ကျောက ဓားမထိုးနဲ့ အရမ်းရွံ့တယ်...အရမ်းမုန်းတယ်...ခင်ဗျားက ရုပ်လေးလှသလောက် စိတ်ဓာတ်က ရွံစရာကောင်းလွန်းတယ်...' "ဘာ..ဘာဖြစ်လို့လဲ..." ကေ နားမလည်သော်လည်း သူ့ဆီက ကြားရတဲ့ စကားလုံးတွေကြောင့် မျက်ရည်က ချက်ချင်းပြည့်အိလာသည်။ လူကြီးတွေ စီစဉ်ပေးတဲ့ အိမ်...