Part 5

9K 356 49
                                    


ရွှေရင်အေး

အပိုင်း (၅)

#ရွှေရင်အေး

01210221

"........"

သာယာနူးညံ့တဲ့ သံစဉ်တိုးတိုးလေးမှာ ရေစီးဆင်းတဲ့ အသံလေးတွေကလည်း ပျံ့လွင့်နေသည်။

ဖယောင်းတိုင်က ထွက်နေတဲ့ ရနံ့သင်းသင်းနဲ့ နားထဲကြားနေရတဲ့ သာယာသော အသံလေးကြောင့် ကေ မျက်လုံး မှိတ်ထားသော်လည်း စိတ်ထဲမှာ အေးချမ်းနေသည်။

လက်နှစ်ဖက်ကို လက်အုပ်ချီသဏ္ဍန်ပြောင်းလိုက်ပြီးညာဘက် ခြေထောက်ကို ကွေးကာ အနောက်သို့ ဆန့်တန်းလိုက်သည်။

မနက်ခင်း ယောဂ ကျင့်တာ ပုံမှန် ပြုလုပ်နေကျ ဆိုသော်လည်း ရုတ်ရက်ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်ကြောင့် ခဏ ရပ်ထားရသည်။

အခုတလော ကေ လည်း နေသားကျလာပြီမို့ ပုံမှန်တနေ့တာ လုပ်နေကျ အလုပ်တွေ ပြန်လုပ်ဖြစ်သည်။

မနက်ဆို သူက ခြောက်နာရီခွဲ ပုံမှန်ထတက်သူမို့ ကေ က ခြောက်နာရီလောက်ကို အိပ်ရာ ထ နိုင်ဖို့အကျင့်လုပ်ရသည်။

သူ မနိုးခင် အောက်ထပ်က ဝန်ထမ်းလေးတွေ မနက်စာ အတွက် ပြင်ဆင်တာကို တစ်ချက် ဆင်းကြည့်သည်။

ကေ  အိပ်မနေသင့်ဘူးလို့ ထင်တဲ့ စိတ်ကြောင့် ထ သွားရသော်လည်း လုပ်စရာတော့ မရှိပါဘူး..။

မနက်စာ ပြင်ဆင်ပြီး သလောက် ရှိချိန် ကေ အပေါ် ပြန်တက်လာရင် သူလည်း နိုးနေပြီး ရေချိုးခန်းကို ရောက်နေပြီ..။

အဝတ်အစားထုတ်ပေး ပြင်ဆင်ပေးချင်သော်လည်း သူ့ဟာသူပဲ အမြဲထုတ်ဝတ်တာကြောင့် ကေ အနားမှာ လိုအပ်တာ လုပ်ပေးဖို့ရာ အဆင်သင့် ရှိနေမိသည်။

ကေ အနားမှာ ရှိနေသော်လည်း ဘာတစ်ခုမှ မပြော မခိုင်းပါဘူး..။

အဝတ်အစားလဲ ပြင်ဆင်ပြီးရင် အောက်ထပ်ကို သွားရတာမို့ ကေ လည်း လိုက်သွားရသည်။

ဖိုးဖိုးနဲ့အတူ သုံးယောက်သား မနက်စာ စားပြီး သူတို့ ထွက်သွားရင် ဝန်ထမ်းကလေးတွေက ဈေးသွားဝယ်ဖို့အတွက် ကေ့ကို အသိပေးသည်။

ရွှေရင်အေးWhere stories live. Discover now