Part 25

9.4K 396 58
                                    


ှရွှေရင်အေး

အပိုင်း (၂၅)

#ရွှေရင်အေး

02221222

"ကလျာ ပြန်ချင်တဲ့အခါ ပြောနော်..."

ကားပေါ်က ဆင်းပြီး အတူတူ လျှောက်ရင်း ပြောတော့ ကေ ခေါင်းညိတ်လိုက်မိသည်။

ဟိုတယ်မှာ မဟုတ်ပဲ ခြံဝန်းကျယ်ကြီးထဲမှာမို့ ကားပေါ်က ဆင်းတာနဲ့ လူတွေ ကြည့်တာ ခံရတော့သည်။

ပိုက်ဆံအိတ်ကို တစ်ဖက် က ကိုင်ပြီး တစ်ဖက်က ကျော့်လက်မောင်းကို ဖွဖွလေး ပြန်ကိုင်ထားရသည်။

"လာ..ညီမလေး...နေကောင်းတယ်နော်....မတွေ့တာတော့ ကြာသွားပြီ....လှတာတော့ အရင်အတိုင်းပဲ..."

"ဟုတ်ကဲ့..မတွေ့တာ ကြာသွားပြီ....မမ "

ကျော်နဲ့ဟိုတစ်ခါ သွားတုန်းက မိတ်ဆက်ပေးထားတဲ့ လူတွေကိုပဲ ပြန်တွေ့ရတာကြောင့် ကေ မှတ်မိပြီး ခေါင်းညိတ်ပြုံးပြရသည်။

".........."

စားပွဲဝိုင်း တစ်ခုမှာ ကျော်က ဝင်ထိုင်ပြီး သူ့ဘေးကခုံမှာ ကေ့ကို ထိုင်ခိုင်းသည်။

"ကလျာ..."

"ရှင်..."

ကေ့ဘက်ကို မျက်နှာတိုးကပ်ပြီး ခေါ်တော့ လူတွေကြည့်နေတာ နေရခက်သော်လည်းပဲ သူ့ဘက်ကို နည်းနည်း လှည့်ပြီး နားထောင်ပေးရသည်။

"ကျော့် မိတ်ကပ်တွေ ညီရဲ့လား..."

"ဟင်.."

ဘယ်အချိန်လိမ်းလိုက်လဲ မသိပေမဲ့လည်း ကေ သေချာ ကြည့်ပေးလိုက်ရသည်..။

အဆင်ပြေနေတော့မှ ခေါင်းညိတ်ပြလိုက်တော့ သူက ရယ်နေလို့ ပြုံးလိုက်မိပါသည်။

ဘူဖေးထယူရတော့လည်း ကေ့လက်ကို ကိုင်ပြီး ခေါ်သွားပေးသည်။

ပတ်ဝန်းကျင်က လူတိုင်းရဲ့ အကြည့်ခံရတဲ့ အခါမှာ ကေ မျက်လွှာချထားကာ သူခေါ်ရာကို လိုက်ရပါသည်။

"........."

"........"

"ချောလိုက်တာနော်...ဟိုဘက်က ကြည့်ရတာ အားမရလို့ အနားလာစပ်စုကြည့်မိတယ်...တော်တော် လှတဲ့ မိန်းကလေးပဲ.."

ရွှေရင်အေးWhere stories live. Discover now