ရွှေရင်အေး
အပိုင်း (၁၈)
#ရွှေရင်အေး
02131059
"ဒါဆို...သမီးငယ် လိုက်သွားရတာပေါ့..."
"ဟုတ်ကဲ့...ဖိုးဖိုး..."
"ကျော်က အလုပ် ကောင်းကောင်း လုပ်ရဲ့လား..."
"ဟုတ်ကဲ့.....ကေ က စက်ရုံ အလုပ်ရုံတွေကိုတော့ မရောက်ဖူးခဲ့ဘူး...အခုလို ဝန်ထမ်းပေါင်း ရာချီနေတဲ့ အလုပ်ရုံကို ဦးစီးနေရတာ ဆိုတော့ ကျော့်ကို အထင်ကြီးပြီး လေးစားမိပါတယ်....ဝန်ထမ်းတွေကလည်း ကျော့်ကို ချစ်ကြလေးစားကြပါတယ်...."
"အဟင်း...ဟုတ်ပါပြီ....ဒီလိုဆိုတော့လည်း ကျော်က တိုးတက်လာတာကို ဖိုးဖိုး လက်ခံရတော့မှာပေါ့...."
ဖိုးဖိုးနဲ့ ညစာ အတူတူ စားရင်း ကေ့ကို ဦးတည်၍ မေးခွန်းတွေ မေးနေတော့ ကေလည်း တွေ့ခဲ့သမျှကို အမှန်အတိုင်း ပြန်ပြောပြမိသည်..။
လူကြီးဆန်ပြီး လုပ်ငန်းတွေကို ဦးစီးနေတယ်လို့သာ သိထားပေမဲ့ မျက်မြင် ကိုယ်တွေ့ ကြုံရချိန်မှာတော့ လေးစားမိတာ အမှန်ပါပဲ..။
သူ့လို လူငယ် တစ်ယောက်က လူကြီးပိုင်းတွေနဲ့လည်း တန်းတူ စကားပြောရသလို ဝန်ထမ်းတွေအများကြီးကိုလည်း သေချာ ကြီးကြပ်နိုင်သည်လေ..။
"ဒါဆို..မနက်ဖြန် စာချုပ် ကိစ္စ ကိုလည်း ကျော်ပဲ လုပ်မလား..."
"ဟုတ်ကဲ့...လုပ်လိုက်ပါ့မယ် ဖိုးဖိုး.."
"စကားတော့ သေချာ ပြောရမယ်...သူတို့ နားလည် သဘောပေါက်အောင် သေချာ ရှင်းပြပြီး ညှိနှိုင်းပါ..."
"ဟုတ်ကဲ့...ဖိုးဖိုး..."
"ဘယ်အချိန်လောက် ချိန်းမလဲ..."
"ဆယ်တစ်နာရီလောက် ချိန်းလိုက်ပါမယ် ခင်ဗျ..."
"အေး...ကောင်းတယ်..."
ကေ ထမင်းစားနေရသော်လည်း အလုပ်ကိစ္စတွေကို နားထောင်ရင်း သူ့ဆီကို အကြည့်ရောက်သွားမိသည်။
မျက်လွှာချပြီး ထမင်းပန်းကန်ကိုသာ ကြည့်၍ စားနေသည်မို့ ကေ လည်း ကိုယ့်ပန်းကန်ကိုပဲ ကိုယ် ကြည့်၍ စားနေလိုက်သည်။
YOU ARE READING
ရွှေရင်အေး
Random"နောက်ကျောက ဓားမထိုးနဲ့ အရမ်းရွံ့တယ်...အရမ်းမုန်းတယ်...ခင်ဗျားက ရုပ်လေးလှသလောက် စိတ်ဓာတ်က ရွံစရာကောင်းလွန်းတယ်...' "ဘာ..ဘာဖြစ်လို့လဲ..." ကေ နားမလည်သော်လည်း သူ့ဆီက ကြားရတဲ့ စကားလုံးတွေကြောင့် မျက်ရည်က ချက်ချင်းပြည့်အိလာသည်။ လူကြီးတွေ စီစဉ်ပေးတဲ့ အိမ်...