Part 28

12.1K 438 47
                                    


ရွှေရင်အေး

အပိုင်း (၂၈)

#ရွှေရင်အေး

03070549

"ဖျားတာ က ရက်ရှည်နေတာ မကောင်းဘူး..နေကောင်းတဲ့အထိလည်း မစောင့်နိုင်ဘူး...ချက်ချင်း သွားလိုက်..."

"........."

ကေ ဘာမှ ဝင်မပြောနိုင်သော်လည်းပဲ ကျော့်အတွက် စိတ်မကောင်းလို့ တစ်ချက် ကြည့်မိသည်။

ဖိုးဖိုးရှေ့မှာ မျက်လွှာချထိုင်နေပေမဲ့ ဘာမှ မပြောပါဘူး..။

"လူကြီးတွေ ခွင့်လွှတ်တဲ့အထိ တောင်းပန်ပြီး အဲ့မှာနေပြီး ဆေးကု..ဘယ်ဟိုတယ်မှာမှ မနေရဘူး...ငါ ပြောတာ မင်းကြားပါတယ်နော်...အောင်ကျော်ကျော်.."

"ဟုတ်ကဲ့....ကြားပါတယ်..ခင်ဗျ...'

"ဘယ်တော့ သွားမလဲ..."

"လေယာဉ်လက်မှတ် စုံစမ်းပြီး ထွက်မဲ့ လေယာဉ်နဲ့ လိုက်သွားလိုက်ပါမယ်...."

"အေး...ကောင်းတယ်....ပြင်ဆင်တော့...."

ဖိုးဖိုး က ပြောပြီး ထိုင်ခုံက ထသွားတော့ ကေ သူ့ဆီကို အကြည့်ရောက်သွားသည်။

ကျော်က သက်ပြင်းချပြီး ထိုင်နေရာက ထ လိုက်တော့ ကေ လည်း ထပြီး အနားကို သွားလိုက်သည်။

"အဆင်ပြေပါ့မလား..ကျေ်ာ..."

"ရွှေရင်အေး အားဆေးလေး ပါရင်တော့ အဆင်ပြေပါတယ်ဗျ...."

မျက်နှာက နွမ်းနေသော်လည်းပဲ အပြုံးဖြင့် ပြောတော့ ကေ စိတ်မသက်သာစွာဖြင့် ပြုံးပြလိုက်မိသည်။

ခရီးသွားဖို့ ပြင်ဆင်ဖို့ အတွက် အပေါ်ကို တက်လာကြပေမဲ့လည်း ကျော်ကတော့ ဧည့်ခန်းမှာ ထိုင်ပြီး လပ်တော့ပ်နဲ့ ဖုန်းဖြင့်သာ အလုပ်များနေသည်။

ကေ့ အဝတ်အစားတွေ ထည့်ပြီးတော့ ကျော့်အတွက်လည်း သီးသန့် ရွေးထုတ် ပြင်ဆင်ပေးထားလိုက်သည်။

"ကျော် တို့ သွားရတော့မယ် ကလျာ...နောက် နှစ်နာရီကျရင် လေယာဉ် ထွက်လိမ့်မယ်..."

"ဟင်...."

ကေ အံသြပေမဲ့ သူကတော့ ကေ ထုတ်ထားတဲ့ အဝတ်အစားတွေကို အိတ်ထဲ ထည့်ပြီး ပိတ်ကာ အဆင်သင့်ပြင်နေသည်။

ရွှေရင်အေးWhere stories live. Discover now