ရွှေရင်အေး
အပိုင်း (၁၇)
#ရွှေရင်အေး
02121234
"သမီးငယ် ပင်ပန်းတာပေါ့....ကလေးရဲ့..."
"မပင်ပန်းပါဘူး..မေမေ...နေမကောင်းရင် အစားအသောက် ပျက်တက်တော့ အားရှိမဲ့ အစားအစာ မျိုးလေးတွေ စားရင် ပိုကောင်းမယ် ထင်လို့ပါ....မေမေကြီး နေမကောင်းရင်လည်း ကေ လုပ်ပေးရပါတယ်...မေမေ ကတော့ စားတက်ရဲ့လား မသိဘူးရှင့်..."
"အဲလို အိမ်မှာ သေချာ လုပ်တာတော့ မစားဖူးဘူးပေါ့...သမီးငယ်ရယ်..မေမေတို့က ဝန်ထမ်းတွေချည်းပဲ အားကိုးနေရတာဆိုတော့ သူတို့ မချက်တက်တာဆိုရင် ဆိုင်က မှာစားရတယ်...ကြက်ပေါင်းဆိုလည်း ဒီလိုပဲ...ဈေးကြီးတာတွေ ဝယ်စားပေမဲ့ ခုလို လတ်ဆတ်တာမျိုးတော့ ခုမှသာ တွေ့ဖူးတာပါ...အရောင်ကလည်း စုံနေတာပဲ...ခုချက်ချင်း စားချင်သွားတယ်..."
"ဒါဆို...ကေ ပန်းကန်ထဲ ထည့်ပြင်ပေးရမလားရှင့်..."
"တံခါးက ဝင်သွားရင် မီးဖိုခန်း ရှိတယ် သမီးငယ်...ဝန်ထမ်းတွေလည်း ရှိပါတယ်..."
"ဟုတ်ကဲ့ရှင့်..."
ကေ ခါးညွတ်ပြီး ချိုင့်လေးကို ကိုင်ကာ လုံချည် လည်း မလှန်ရအောင် လက်ချောင်းတွေနဲ့ ဖိထိန်းရင်း မေမေတို့ ရှေ့ကနေ လျှောက်လာခဲ့လိုက်သည်။
"ဟင်...မမကေ ပါလား..."
"ဟုတ်ကဲ့...မေမေ့ကို ဒီဟာလေး ထည့်ပေးချင်လို့ ပန်းကန်လာယူတာပါရှင့်..."
"သြော်..ဒီမှာ..မမကေ..."
ဝန်ထမ်း ကောင်မလေး က ကေ့ကို လက်ညွှန်ပြတော့ ခေါင်းညိတ်ပြီး ပန်းကန်စင် အနားကို သွားကာ ကြွေပန်းကန်လုံးနဲ့ ပန်းကန်ပြား တစ်ချပ်ယူလိုက်သည်။
ကြက်ပေါင်းရည်ကို သပ်သပ် ထည့်ပြီး အသီးအရွက် အသားတွေကို ပန်းကန်ပြားလေးနဲ့ ထည့်ကာ အဖြူရောင် လင်ပန်းပေါ် တင်လိုက်သည်။
"ဘာဆိုင်လို့လဲ...ကျော် လက်ထပ်ထားတဲ့ ဇနီးကို...ကျော် ပိုင်တယ်...ကျော် အလုပ်အားရင် ပို့ပေးပါမယ်ဆို...ဘာလို့ ဒါကိုချည်း ထပ်ခါ ထပ်ခါ ပြောနေလဲ နားမလည်တော့ဘူး... "
YOU ARE READING
ရွှေရင်အေး
Random"နောက်ကျောက ဓားမထိုးနဲ့ အရမ်းရွံ့တယ်...အရမ်းမုန်းတယ်...ခင်ဗျားက ရုပ်လေးလှသလောက် စိတ်ဓာတ်က ရွံစရာကောင်းလွန်းတယ်...' "ဘာ..ဘာဖြစ်လို့လဲ..." ကေ နားမလည်သော်လည်း သူ့ဆီက ကြားရတဲ့ စကားလုံးတွေကြောင့် မျက်ရည်က ချက်ချင်းပြည့်အိလာသည်။ လူကြီးတွေ စီစဉ်ပေးတဲ့ အိမ်...